သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီက စက်တပ် လေထီးများဖြင့် ပစ်ကူပေးနေ

AB News-ဖေဖော်ဝါရီ ၂၈၊၂၀၂၅

ဧရာဝတီတိုင်း ၊ သာပေါင်းမြို့နယ်တွင်  အာရက္ခတပ်တော် ( AA ) မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကမှ စက်တပ်လေထီးများနှင့်ပါ ပစ်ကူပေးနေသည်ဟု သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းမှစပြီး သာပေါင်းမြို့နယ် ကင်ပွန်းချဉ်၊ သာပေါင်းလေး၊ ခွေးကုပ်၊ အနန်းကုန်းကျေးရွာတို့တွင် အာရက္ခတပ်တော် (AA) မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းအပြင်  အာရက္ခတပ်တော် ပူးပေါင်းတပ်ဖွဲ့များက ရေကြည်မြို့နှင့် သာပေါင်းမြို့နယ်အစပ်ရှိ စစ်ကောင်စီ၏ အမှတ် ၃၄၄ အမြောက်တပ်နှင့် ကာကင်းစခန်းများကိုလည်း တိုက်ခိုက်နေကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပုသိမ်ခရိုင် ကျုံ့ပျော်မြို့နယ် ခလရ ၃၆ မှ Paramotor စက်တပ်လေထီး အစိမ်းရောင် ၃စီးသည် သာပေါင်းတိုက်ပွဲသို့ ၂စီးပျံသန်းသွားပြီး နောက် ၁စီးမှာ ရေကြည်မြို့နယ်ဘက်သို့ ပျံသန်းသွားခဲ့ကြောင်း ပုသိမ်မြို့နယ် သတင်းအထူးတပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၁ နာရီကျော်က ထုတ်ပြန်ထားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ