Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဥရောပမှ ယူကရိန်းသို့ တင့်ကားများ ပို့ပေးလျှင် ယူကရိန်းပြည်သူများ ဒုက္ခရောက်မည်ဟု ရုရှားပြော

ABN-ရှိုင်းမိုး

မော်စကိုမှ ဂျာမန်လုပ် Leopard တင့်ကားများကို ယူကရိန်းသို့ လွှဲပြောင်းပေးမည်လားဆိုသည့် မေးခွန်းမှာ အနောက်နိုင်ငံများက ကီယက်ဗ်ကို ထောက်ပံ့ရန် တင့်ကားများစေလွှတ်ပါက ယူကရိန်းပြည်သူများ ဒုက္ခရောက်လာနိုင်သည်ဟု တနင်္လာနေ့က ခရင်မလင်နန်းတော်က ပြောကြားခဲ့သည်။

ရုရှားစစ်တပ်များကို တွန်းလှန်ရန်အတွက် အထောက်အပံ့ရရှိရေး ကီယက်ဗ်၏တောင်းဆိုချက်ကြောင့် ယူကရိန်းနိုင်ငံသို့ Leopard စစ်တင့်ကားများကို ဘာလင်မှ ထောက်ပံ့ပေးမည်ဟူသည့် အမေရိကန်နှင့် သူ့မဟာမိတ်တို့၏ ပြီးခဲ့သည့်အပတ်က ဆွေးနွေးမှုမှာ မအောင်မြင်ခဲ့ပေ။

မဟာမိတ်များထံမှ Leopard များကို သူတို့၏လက်နက်တိုက်များအတွင်းမှ ယူကရိန်းသို့ လွှဲပြောင်းခွင့်ပြုရန် သဘောတူညီချက်တစ်ရပ်ကို တွေ့ရှိပါက လျင်မြန်စွာပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း ဘာလင်က ပြောကြားခဲ့သည်။ သိုသော် ထိုသို့ပြောဆိုချက်မှာ ခိုင်လုံပုံမရကြောင်းသိရသည်။

တနင်္လာနေ့ကပြုလုပ်ခဲ့သည့် နေ့စဥ်သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး မေးမြန်းရာ Kremlin ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က Kyiv အား တင့်ကားများ ပေးဆောင်ခြင်းရှိ၊ မရှိ နှင့် ပတ်သက်၍ ဥရောပတွင် ကွဲလွဲမှုများသည် နေတိုးစစ်မဟာမိတ်အဖွဲ့အတွင်း ကြောက်ရွံမှု တိုးလာကြောင်း ပြသနေသည်ဟု ပြောကြားခဲ့သည်။

“ဒါပေမယ့် ယူကရိန်းနိုင်ငံထဲကို လက်နက်ချပြီး နည်းပညာအဆင့်မြှင့်တင်ရာမှာ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ပါဝင်ဆောင်ရွက်တဲ့ နိုင်ငံတိုင်းက (ပဋိပက္ခကို ဆက်လက်ဖြစ်စေမှုအတွက်) တာဝန်ရှိပါတယ်” ဟု Peskov က ပြောကြားခဲ့သည်။

“ဒီလိုအကူအညီပေးလာရင်တော့ ယူကရိန်းပြည်သူတွေပဲ အဓိက ဒုက္ခရောက်ကြမှာ ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

တနင်္လာနေ့ အစောပိုင်းတွင် ပိုလန်ဝန်ကြီးချုပ် Mateusz Morawieckiက ၎င်း၏ နိုင်ငံသည် ဂျာမန်နီ၏ခွင့်ပြုချက်မရဘဲ နိုင်ငံများ၏ညွန့်ပေါင်းအဖွဲ့ကို တစ်စိတ်တစ်ပိုင်းအဖြစ် ယူကရိန်းသို့ Leopard တင့်ကားများ ပေးပို့နိုင်ကြောင်း ပြောကြားခဲ့သည်။

ပိုလန်အနေဖြင့် ဂျာမန်လုပ် Leopard တင့်ကားများကို ယူကရိန်းသို့ ပေးပိုပါက ဂျာမန်အနေဖြင့် ထောက်ခံအားပေးမည်မဟုတ်ကြောင်း ဂျာမနီနိုင်ငံခြား‌ရေးဝန်ကြီး Annalena Baerbock က ပြင်သစ်ရုပ်သံလိုင်း LCI နှင့် အင်တာဗျူးတွင် တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

ဥရောပမှ ယူကရိန်းသို့ တင့်ကားများ ပို့ပေးလျှင် ယူကရိန်းပြည်သူများ ဒုက္ခရောက်မည်ဟု ရုရှားပြော

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ