ABN-ကိုဟိန်းထွန်း
သိုင်းပေါင်းစုံလက်ဝှေ့သမား အောင်လအန်ဆန်းက ဘရာဇီးဖိုက်တာ ဂီလ်ဘာတို ဂယ်ဗောင်းကို တချီတည်းနဲ့ အလဲထိုးအနိုင်ရရှိခဲ့သည်ကို တွေ့ရသည်။
မြန်မာ့စပါးအုံဟု နာမည်ကျော်သည့် အော်လနှင့် ဘရာဇီး ကိုယ်ခံသိုင်းပေါင်းစုံတိုက်ခိုက်ရေးသမား ဂီလ်ဘာတို တို့သည် One Championship ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Impact Arena တွင် ယနေ့ မနက်က ထိုးသတ်ခဲ့ကြခြင်းဖြစ်သည်။
ပြိုင်ပွဲအပြီးတွင် မြန်မာတွေ ခက်ခဲမှုတွေ ရင်ဆိုင်နေရလို့ အားတင်းထားကြဖို့ ပြောခဲ့ပြီး မြန်မာပြည်ငြိမ်းချမ်းရေးအတွက်လည်း အမြဲဆုတောင်းပေးနေကြောင်း အောင်လကို ပြောခဲ့သည်။




