Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အောင်လအင်ဆန်းနှင့် တရုတ်ဖိုက်တာတို့ အမေရိကန်တွင် ထိုးသတ်မည်

ABN-မေအိအိအောင်

မြန်မာ့ဂုဏ်ဆောင် MMA ကစားသမား အောင်လအင်ဆန်းနှင့် တရုတ်ဖိုက်တာ ဖန်ရောင်းတို့ အမေရိကန်နိုင်ငံတွင် လာမည့် မေလ ၅ရက်နေ့တွင် ထိုးသတ်သွားမည်ဖြစ်ကြောင်းသိရသည်။

အောင်လအင်ဆန်းနှင့် ယခုထိုးသတ်မည့် တရုတ်ဖိုက်တာ ဖန်ရောင်းမှာ ပြီးခဲ့သည့် ဇန်န၀ါရီ ၁၄ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် ဘရာဇီးဖိုက်တာ ဂါဗာဒိုနှင့် လူပြောင်းထိုးသတ်ခဲ့သူဖြစ်သည်။

တရုတ်ဖိုက်တာ ဖန်ရောင်းမှာ အသက် ၃၀ နှစ်ဖြစ်ပြီး MMAကစားသမားဘ၀ တစ်လျှောက်ပွဲစဥ် စုစုပေါင်း၂၂ ပွဲ ထိုးသတ်ခဲ့ကာ ၁၉ ပွဲနိုင် ၊ ၃ ပွဲရှုံးနိမ့်ထားပြီး မြန်မာ့ဂုဏ်ဆောင် MMA ကစားသမား အောင်လအင်ဆန်းမှာ ကစားသမား ဘ၀တစ်လျှောက် ပွဲစဥ် ၄၂ ပွဲထိုးသတ်ခဲ့ကာ ၂၉ ပွဲနိုင်၊ ၁၃ ပွဲရှုံးပြီး တစ်ပွဲဖျက်သိမ်းလိုက်ရလဒ် ပိုင်ဆိုင်ထားသူဖြစ်သည်။

ယခု အောင်လအင်ဆန်းနှင့် အမေရိကန်တွင် ထိုးသတ်မည့် တရုတ်ဖိုက်တာ ဖန်ရောင်းမှာ ရုရှားဖိုက်တာ ဗစ်တာလီ ဘစ်ဒက်ရှ် နှင့် နယ်သာလန်ဖိုက်တာ ဒီရိုက်တာတို့ကို ရှုံးနိမ့်ထားသူလည်း ဖြစ်သည်။

အောင်လအင်ဆန်းနှင့် တရုတ်ဖိုက်တာတို့ အမေရိကန်တွင် ထိုးသတ်မည်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ