Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အီလွန်မက်စ်နှင့် ဇူကာဘတ်တို့ ထိုးသတ်ပွဲကို အီတလီတွင်လက်ခံကျင်းပရန်ပြင်ဆင်

အီလွန်မက်စ်နှင့် ဇူကာဘတ်တို့ ထိုးသတ်ပွဲကို အီတလီတွင်လက်ခံကျင်းပရန်ပြင်ဆင်

ABN-ရှိုင်းမိုး

သြဂုတ် ၁၃ရက်

တက်စလာသူဌေး အီလွန်မက်စ်နှင့် Facebookတီထွင်သူ ဇူကာဘတ်တို့၏ ထိုးသတ်ပွဲကို အီတလီတွင် ရှေးခေတ်ရောမပုံစံဖြင့် ထင်ရှားသည့်နေရာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စီစဥ်တင်ဆက်သူများက သြဂုတ်လ ၁၁ ရက်နေ့ကပြောကြားခဲ့သည်။

အီတလီနိုင်ငံ၏ ယဥ်ကျေးမှုဝန်ကြီးက ယခုထိုးသတ်ပွဲကို ကြီးကျယ်ခမ်းနားသည့် ရန်ပုံငွေပွဲနှင့် သမိုင်းဝင်အမှတ်ရပွဲဖြစ်ကြောင်းဖော်ပြထားသည်။

အီတလီယဥ်ကျေးမှုဝန်ကြီးသည် တက်စလာသူဌေး မက်စ်နဲ့စကားပြောထားကြသည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။

သို့သော်လည်း အီတလီအတိုက်ခံနိုင်ငံရေးသမားများက နည်းပညာရှင်နှင့် ဆိုရှယ်မီဒီယာသမားတို့၏ ထိုးသတ်ပွဲနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချထားကြောင်းသိရသည်။

” သူတို့ကိုယ်သူတို့ မိုက်မဲတဲ့ ဆယ်ကျော်သက်တွေလုပ်ချင်နေကြတယ်၊ အခုလို ဘီလျံနာ ၂ယောက်အတွက်နဲ့ အီတလီယဥ်ကျေးမှုအမွေနှစ်ကိုအသုံးပြုလို့ရနိုင်တယ်ဆိုတာ ကျွန်နော်တို့အနေနဲ့ အံ့သြစရာပါပဲ” ဆိုပြီး စက်မှုဝန်ကြီးဟောင်းနဲ့ ပါတီခေါင်းဆောင်ဟောင်း ကာလိုကယ်လန်ဒါကပြောကြသည်။

ထို့အပြင် တချို့သော အရာများသည် ရိုးရှင်းစွာရောင်းချရန်အတွက်မဟုတ်ကြောင်းနဲ့၊ ထိုအရာများထဲက တစ်ခုက နိုင်ငံ၏ဂုဏ်သိက္ခာနှင့်သမိုင်းကြောင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောသည်။

မက်စ်ကရောမမြို့၏ရှေးဟောင်း ကိုစီယမ်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဟုပြောခဲ့သော်လည်း အီတလီက ပယ်ချထားခဲ့ကြောင်းသိရသည်။

“ကင်မရာဘောင်ထဲကအရာအားလုံးဟာ ရှေးဟောင်းရောမမြို့ရဲ့အပြင်အဆင်တွေဖြစ်လိမ့်မယ်၊ ဒါကြောင့် လုံးဝခေတ်မမီပါဘူး” ဟုအီတလီဝန်ကြီးချုပ်နဲ့ ယဥ်ကျေးမှုဝန်ကြီးတို့ကပြောခဲ့သည်။

ထိုပုဂ္ဂိုလ်၂ဦးက ထိုးသတ်ပွဲပြုလုပ်မည်နေရာနှင့်​ပတ်သက်၍ သဘောတူခဲ့ကြောင်း အီလွန်မက်စ်၏အမှုဆောင်အရာရှိကပြောထားသည်။

အီတလီက မည်သည့်အခမ်းအနားပွဲကိုမဆို နိုင်ငံ၏ အမွေအနှစ်နေရာများအတွက် လေးစားကာကွယ်ပေးမှာဖြစ်ကြောင်း ယဥ်ကျေးမှုဝန်ကြီးကပြောကြားထားသည်။

“ရောမမြို့မှာလုပ်မှာမဟုတ်ဘူး၊ အထူးသဖြင့် ရလာတဲ့ ယူရိုငွေသန်းပေါင်းများစွာကိုလည်း ကလေးရောဂါတိုက်ဖျက်ရေးမှာအသုံးပြုမှာ၊ ပြီးတော့ အီတလီကအထူးကု ဆေးရုံ ၂ခုမှာလည်းလှူဒါန်းဖို့စဥ်စားထားပါတယ်” ဟုဝန်ကြီး၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုပြုလုပ်သည့်အစီစဥ်သည် အီတလီနိုင်ငံ၏ သမိုင်း၊ ရှေးဟောင်းသုတေသန၊ အနုပညာနှင့် ယဥ်ကျေးမှုအမွေအနှစ်များကို တစ်ကမ္ဘာလုံးသိအောင် မြှင့်တင်သည့်အခွင့်အရေးတခုဖြစ်ကြောင်း ယဥ်ကျေးမှုဝန်ကြီးချုပ်ကပြောကြားထားသည်။

Ref-Reuters

ထင်မြင်ယူဆချက်‌‌ပေးရန်