သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အီရန် ရေတပ်ကို အပြတ်အသတ် ချေမှုန်းမည်ဟု ထရမ့်ပြော

AB News မတ် ၂၊ ၂၀၂၆

အီရန်ရေတပ်ပိုင် သင်္ဘော ၉စင်းကို အမေရိကန်ဘက်က ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့ မတ်လ ၁ရက်နေ့က ကြေညာခဲ့သည်။

ထရမ့်က အီရန်ရေတပ်၏ အရေးပါသည့် သင်္ဘောကြီးများအပါအဝင် စစ်သင်္ဘော ၉ စင်းကိုဖျက်ဆီး နှစ်မြုပ်နိုင်ခဲ့ကြောင်း ၎င်း၏ X တွယ်တာလူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပင်လယ်ရေမျက်နှာပြင်တွင် ကျန်ရှိနေသေးသော အီရန်ရေတပ် သင်္ဘောများကိုလည်း ရှာဖွေပြီး ဖျက်ဆီး ချေမှုန်းသွားမည်ဖြစ်ကြောင်း တွေ့ရသည်။

“ကျန်တာတွေကို ကျ​နော်တို့ လိုက်ရှာနေပါတယ်။ မကြာခင်မှာ အီရန်သင်္ဘောတွေ ပင်လယ်ကြမ်းပြင်မှာ ပေါ်လောမျောနေတော့မှာပါ ” ဟု ထရမ့်က ဆိုထားသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် နည်းတူ အခြားတိုက်ခိုက်မှုတစ်ခုတွင်လည်း အီရန်ရေတပ်ဌာနချုပ်ကို များပြားစွာဖျက်ဆီးခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားထားသည်။

#သမ္မထရမ့် #အီရန်ရေတပ် #တိုက်ခိုက်မှု

ထင်မြင်ယူဆချက်‌‌ပေးရန်