Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အီရန်လုပ် ဒရုန်း ၁၆ စင်း ကို ယူကရိန်း ပစ်ချနိုင်ခဲ့ဟု လေတပ်အကြီးအကဲ ပြောကြား

ယူကရိန်းလေတပ်က အီရန်လုပ် ဒရုန်း ၁၆ စင်းကို သောကြာနေ့က ညတွင်းချင်း ပစ်ချခဲ့သည် ဟု ယူကရိန်းလေတပ်ဦးစီးချုပ်မှ ပြောကြားခဲ့သည်။
စစ်ပွဲစတင်ချိန်မှစ၍ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို အကြီးမားဆုံးဒုံးကျည်တိုက်ခိုက်မှုထဲမှ တစ်ခုကို စတင်ခဲ့ပြီး နောက်တစ်နေ့တွင် တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရုရှားဒရုန်းများသည် မြောက်ဘက်နှင့် အရှေ့တောင်ဘက်မှ ယူကရိန်းကို တိုက်ခိုက်ခဲ့ပြီး ယူကရိန်းလေတပ်ကာကွယ်ရေးစနစ်ကို ကျော်လွှားရန် ရုရှားများက ဒီနီပရို မြစ်ကမ်းပြင်ကို အသုံးပြုရန် ကြိုးစားခဲ့ကြသည် ဟု ယူကရိန်းလေတပ်ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယူကရိန်းလေတပ်ကာကွယ်ရေးစနစ်၏ တခြားသော လေတပ်ကာကွယ်ရေးတပ်ဖွဲ့များအပါအဝင် အရှေ့ဖက်နှင့် အလယ်ပိုင်း လေတပ်စခန်းများမှ တပ်ဖွဲ့ဝင်များ၊ လက်နက်ကိရိယာများက ကာမီကာဇီ အသေခံတိုက်ခိုက်သည့် ဒရုန်း ၁၆ စင်းကို ဖျက်ဆီးနိုင်ခဲ့သည် ဟုလည်း ဖော်ပြထားသည်။
ဒရုန်း ၅ စီးကို သောကြာနေ့ အစောပိုင်းတွင် မြို့တော် ကိဗ်ယက် ကောင်းကင်ထက်တွင် ပစ်ချခဲ့ခြင်းဖြစ်သည် ဟု မြို့တော်စစ်အုပ်ချုပ်ရေးအဖွဲ့၏ တယ်လီဂရမ် ပို့စ်တစ်ခုတွင် ပါရှိသည်။
ကိဗ်ယက် မြို့တော်ဝန် ဗီတာလီ ကလီချ်ကိုက နောက်ထပ်ဒရုန်း ၂ စီးကို မြို့၏ အပြင်ဖက်တွင် ပစ်ချခဲ့ခြင်းဖြစ်ပြီး ကိဗ်ယက်ဒေသတွင် ဖျက်ဆီးခဲ့ပြီး ဒရုန်းအရေအတွက်မှာ ၇ စင်းအထိ ရှိပြီ ဟုလည်း တယ်လီဂရမ်ပို့စ်တွင် ပါရှိသည်။
Ref-CNN

အီရန်လုပ် ဒရုန်း ၁၆ စင်း ကို ယူကရိန်း ပစ်ချနိုင်ခဲ့ဟု လေတပ်အကြီးအကဲ ပြောကြား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ