Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အီရန်နိုင်ငံတွင် သေဒဏ်ပေးမှုနှင့် ကွပ်မျက်မှုများကို UE မှ ချက်ချင်းရပ်တန့်ဖို တောင်းဆို

ABN – နွယ်စိုး

အီရန်နိုင်ငံတွင် ဆန္ဒပြပွဲ၌ပါဝင်ပတ်သက်နေသည့် သေဒဏ်ချခံထားရသူများထဲမှ ၂ ဦးကို ယမန်နေ့ စနေ နေ့က ထပ်မံကွပ်မျက်လိုက်သည့်အတွက်ကြောင့် EU ဥရောပသမဂ္ဂအနေဖြင့် စိုးရိမ်ထိတ်လန့်နေကြောင်းနှင့် အီရန်အစိုးရအနေဖြင့် သေဒဏ်ပေးမှုနှင့် ကွပ်မျက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။

ယမန်နေ့ စနေ နေ့ က ကွက်မျက်ခံလိုက်ရသည့် Mohammad Mahdi Karami နှင့် Seyyed Mohammad Hosseini ၂ ဦးစလုံးကို ကွပ်မျက်လိုက်ခြင်းမှာ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ Josep Borell က အလွန်ပင် တုန်လှုပ်ချောက်ချားစေသည် ဟု ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း ပြောသည်။

ယခုကဲ့သို့ အရပ်သားပြည်သူတို့၏ ဆန္ဒပြမှုများအပေါ် အီရန်အာဏာပိုင်တို့၏ အကြမ်းဖက်ဖိနှိပ်မှုကို နောက်ထပ်တစ်ဖန် သက်သေပြလိုက် ခြင်းဖြစ်သည် ဟု Josep Borell က ပြောလိုက်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း ဆန္ဒပြပွဲတွင်ပါဝင်သည့် ပြည်သူ ၂ ဦးကို ကြိုးပေးသတ်ခဲ့သည့်အတွက်ကြောင့် တစ်ကမ္ဘာလုံးက ဒေါသထွက်ခဲ့ကြပြီး စက်တင်ဘာလတွင်လည်း အသက် ၂၂ အရွယ်ကဒ်လူမျိုးစုဝင် အမျိုးသမီး မာရှာအာမန်နီမှာ ဘာသာရေး ရဲများမှ ဖမ်းဆီးခံနေရစဥ်အတွင်း သေဆုံးကတည်းက အီရန်အစိုးရကို မကျေနပ်မှုများစတင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အန်ရန် အစိုးရကိုလည်း ဆန့်ကျင်ဆန္ဒပြပွဲများဆက်လက်ပြုလုပ်ပြီး အီရန် အာဏာပိုင်တို့က လူဒါဇင်ချီ သေဒဏ်ချမှတ်ခဲ့သည့်အပြင် လူထောင်သောင်းများစွာကိုလည်း ဖမ်းဆီးခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းလောက်က အီရန်နိုင်ငံ၏ပြည်ပအခြေစိုက်လူ့အခွင့်အရေးအဖွဲ့များက နောက်ထပ် သေဒဏ်ပေးမှုနှင့်ကွပ်မျက်မှုများ ပိုမိုတိုးလာနိုင်ခြေရှိသည် ဟု သတိပေး ပြောကြားထားသည်။

အီရန်နိုင်ငံတွင် သေဒဏ်ပေးမှုနှင့် ကွပ်မျက်မှုများကို  UE မှ ချက်ချင်းရပ်တန့်ဖို တောင်းဆို

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး
ပြင်သစ်နိုင်ငံတွင် ဆယ်ကျော်သက်လူငယ်တစ်ဦးအား ရဲတပ်ဖွဲ့က ပစ်သတ်မှုဖြစ်ပွားပြီးနောက် ဆူပူအုံကြွမှုများ ဆက်တိုက်ဖြစ်ကာ သယ်ယူပို့ဆောင်ရေးများ ရပ်ဆိုင်းထားရန် ပြင်သစ်အစိုးရ ပြောကြား