Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အီရန်နိုင်ငံတွင် ဒိန်ချဥ်ဖြင့် လောင်းချခံခဲ့ရသော ခေါင်းစည်းပုဝါ မခြုံထားသည့် အီရန်အမျိုးသမီး ၂ ဦး ဖမ်းဝရမ်းထုတ်ခံထားရ

အီရန်နိုင်ငံတွင် ဒိန်ချဥ်ဖြင့် လောင်းချခံခဲ့ရသော ခေါင်းစည်းပုဝါ မခြုံထားသည့် အီရန်အမျိုးသမီး ၂ ဦး ဖမ်းဝရမ်းထုတ်ခံထားရ

ABN-နွယ်စိုး

အီရန်နိုင်ငံ၏ အရှေ့မြောက်ပိုင်း Shandizမြို့အနီးတွင် ဧပြီလ ၁ ရက်နေ့က စျေးဆိုင်တစ်ခု၌ ခေါင်းစည်းပုဝါ မခြုံထားသည့် အမျိုးသမီး ၂ ဦး၏ ဦးခေါင်းပေါ်ကို အမျိုးသားတစ်ဦးက ဒိန်ချဥ်ဖြင့် လောင်းချခဲ့ပြီး အာဏာပိုင်များက ထိုအမျိုးသမီး ၂ ဦးအား အီရန်နိုင်ငံ၏ ဥပ‌‌ဒေအရ အမျိုးသမီးများ အနေဖြင့် ဟီဂျပ်ဟုခေါ်သည့် ခေါင်းစည်းပုဝါ ခြုံရမည့် ဥပဒေကို ချိုးဖောက်သည့်အနေဖြင့် ဖမ်းမိန့်ထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ အီရန်သမ္မတ Ebrahim Raisiက ဧပြီလ ၁ ရက်နေ့က ညီလာခံတွင် အမျိုးသမီးများ ဆံပင်ကို ဖုံးအုပ်ထားရမည်ဆိုသည့် ဥပဒေ ပြဌာန်းထားသည့်အတွက်ကြောင့်အမျိုးသမီးတိုင်း ထိုဥပ‌ဒေကို လိုက်နာရမည်ဟု ပြောကြားခဲ့ပြီး ထိုအမျိုးသမီး ၂ ဦးအား ဒိန်ချဥ်ဖြင့်လောင်းချခဲ့သည့် အမျိုးသားကိုလည်း အများပြည်သူများကြား မတည်မငြိမ်မှုဖြစ်အောင် လုပ်ခြင်းနှင့် ဖမ်းဝရမ်း ထုတ်ခဲ့ကြောင်း အီရန်အစိုးရပိုင် မီဒီယာက ဖော်ပြခဲ့သည်။

အခင်းဖြစ်ပွားချိန်မှာ စျေးဝယ်ရန် စောင့်နေသည့် ထိုအမျိုးသမီး ၂ ဦးကို ဆိုင်အနီးက ဖြတ်လျှောက်သွားသော အမျိုးသားတစ်ဦးက စကားလာပြောပြီး နောအနီးအနားရှိ ဒိန်ချဥ်ခွက်ဖြင့် ထိုအမျိုးသမီး ၂ ဦး၏ ဦးခေါင်းပေါ်ကို လောင်းချခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အီရန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာလအတွင်းကလည်း ခေါင်းစည်းပုဝါ မခြုံထားသော အမျိုးသမီးငယ် ၁ ဦး အား ရဲများက ဖမ်းဆီးထားချိန်တွင်ပင် သေဆုံးသွားသည့်အတွက်ကြောင့် နိုင်ငံတဝှမ်း ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး အမျိုးသမီးများ အများအပြားမှာ ခေါင်းစည်းပုဝါ မခြုံဘဲ အာဏာပိုင်များကို ဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုများပြားလာခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ