သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးပြီးနောက် သားဖြစ်သူ မိုဂျာတာဘာ ခါမေနီ အမြင့်ဆုံးခေါင်းဆောင်သစ်အဖြစ် တက်လာ

AB News – မတ် ၉၊ ၂၀၂၆

အီရန်နိုင်ငံ၏ ခေါင်းဆောင် အယာတိုလာ အလီခါမေနီ သေဆုံးပြီးနောက် ဒုတိယမြောက်သားဖြစ်သူ မိုဂျာတာဘာ ခါမေနီ ကို နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်သစ်အဖြစ် ခန့်အပ်လိုက်ကြောင်း ယမန်နေ့ မတ်လ ၉ ရက်နေ့တွင် အီရန်နိုင်ငံပိုင်သတင်းဌာနက အတည်ပြုကြေညာခဲ့သည်။

အီရန်နိုင်ငံအား အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းတိုက်ခိုက်စဉ် ခေါင်းဆောင် အယာတိုလာ အလီခါမေနီ သေဆုံးပြီး တစ်ပြတ်အကြာတွင် မိုဂျာတာဘာ ခါမေနီကို ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။

အီရန်နိုင်ငံ၏ အင်အားကြီးအဖွဲ့ဖြစ်သည့် Islamic Revolutionary Guard Corps(IRGC)နှင့် လက်နက်ကိုင်တပ်ဖွဲ့များအပါအဝင် အရေးကြီးခေါင်းဆောင်များက မိုဂျာတာဘာ ခါမေနီအား ခေါင်းဆောင်သစ်အဖြစ် ‌ထောက်ခံကြောင်း ကြေညာခဲ့ကြသည်။

ပါလီမန်ဥက္ကဌ Mohammad Bagher Ghalibaf ကလည်း ယခုရွေးချယ်မှုကို ကြိုဆိုခဲ့ပြီး ခေါင်းဆောင်အသစ်ကို လိုက်နာခြင်းသည် “ဘာသာရေးနှင့် နိုင်ငံရေးတာဝန်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Mojtaba Khamenei သည် မည်သည့် ရွေးကောက်ပွဲတွင်မျှ မဝင်ရောက်ခဲ့ဖူးသလို ပြည်သူ့မဲပေးမှုကိုလည်း မခံယူခဲ့ဖူးသူဖြစ်သည်။ သို့သော် ဆယ်စုနှစ်များကြာအောင် အမြင့်ဆုံးခေါင်းဆောင်၏ အနီးကပ်အတွင်းဝိုင်းတွင် အလွန်သြဇာရှိသူတစ်ဦးဖြစ်ခဲ့ပြီး IRGC နှင့် နက်ရှိုင်းသော ဆက်ဆံရေးများ တည်ဆောက်ထားသည်။

မကြာသေးမီနှစ်များတွင် သူကို ဖခင်၏ ဆက်ခံသူအဖြစ် အလားအလာအမြင့်ဆုံးသူတစ်ဦးဟု အများကြီး ပြောဆိုလာကြသည်။ သူ့ကို ရွေးချယ်လိုက်ခြင်းသည် အီရန်အစိုးရအနေဖြင့် ဆက်လက်အာဏာရှိနေကြောင်း ပြသနိုင်ပြီး စစ်ပွဲ ဒုတိယအပတ်သို့ ဝင်ရောက်နေချိန်တွင် မကြာခဏ ညှိနှိုင်းရေးသဘောတူညီမှုများ မဖြစ်နိုင်ကြောင်းလည်း ပြသနေသည်။

Beirut ရှိ American University of Beirut မှ ပြည်သူ့မူဝါဒဆိုင်ရာ အထူးသုတေသနအဖွဲ့ဝင် Rami Khouri က Khamenei ကို ခန့်အပ်ခြင်းသည် “ဆက်လက်တည်မြဲမှု” ကို ပြသကြောင်း ပြောကြားခဲ့သည်။

အမြင့်ဆုံးခေါင်းဆောင်ကို ရွေးချယ်ရန် တာဝန်ရှိသော Assembly of Experts အဖွဲ့ဝင် Heidari Alekasir ကလည်း သေဆုံးခဲ့သည့် ခေါင်းဆောင် ခါမေနီ ၏ အကြံပေးချက်အရ အီရန်၏ အမြင့်ဆုံးခေါင်းဆောင်သည် “ရန်သူများ၏ ချစ်ခင်မှုမဟုတ်ဘဲ မုန်းတီးမှုကို ခံရသူဖြစ်ရမည်” ဆိုသည့်အချက်အပေါ် အခြေခံ၍ ရွေးချယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်သစ်ကို ရွေးချယ်ရာတွင် အမေရိကန်၏ သဘောတူညီမှု မရှိပါက ကြာရှည် မနေနိုင်ကြောင်း ယမန်နေ့ မတ်လ ၈ ရက်နေ့တွင် ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့တွင် အီရန် ပါလီမန်ဥက္ကဌ Mohammad Bagher Qalibaf က Trump ၏ တောင်းဆိုမှုများကို ရယ်စရာအဖြစ် သဘောထားကြောင်း ပြောကြားခဲ့သည်။
“အသက်ထက်တန်ဖိုးရှိသော ချစ်လှစွာသော အီရန်၏ အနာဂတ်ကို ဂုဏ်ယူထိုက်သော အီရန်ပြည်သူများသာ ဆုံးဖြတ်မည်ဖြစ်ပြီး [Jeffrey] Epstein ၏ အဖွဲ့က မဆုံးဖြတ်နိုင်ပါဘူး” ဟု သူ၏ X လူမှုစာမျက်နှာတွင် ရေးသားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ