Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အီတလီနိုင်ငံ၏ အလိုရှိဆုံး မာဖီးယားဂိုဏ်းသူဌေးကို အီတလီရဲတပ်ဖွဲ့ ဖမ်းဆီး

ABN -ရှိုင်းမိုး

နှစ် ၃၀ ကြာ တိမ်း‌ရှောင်နေခဲ့သည့် အီတလီနိုင်ငံမှ အလိုရှိဆုံးဖြစ်သော မာဖီးယာဂိုဏ်းခေါင်းဆောင် Matteo Messina Denaro ကို Palermo မြို့ပေါ်က ပုဂ္ဂလိက ဆေးခန်းတစ်ခုတွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ကြောင်း အီတလီသတင်းဌာန ANSA မှ တနင်္လာနေ့က ဖော်ပြလိုက်ကြောင်းသိရသည်။

သူ့ကိုဖမ်းမိပြီး ချက်ချင်း လျှို့ဝှက်နေရာတခုသို့ ခေါ်ဆောင်သွားကြောင်း နိုင်ငံပိုင်ရုပ်သံသတင်းဌာနမှ ကြေညာခဲ့သည်။

ထို့နောက် မာဖီးယားဂိုဏ်း တိုက်ဖျက်ရေးကို ဆောင်ရွက်ခဲ့ကြသည့် အစိုးရရှေ့နေ Paolo Borsellino နဲ့ Givovanni Falcone တို့ ၁၉၉၂ ခုနှစ်က သေဆုံးခဲ့မှု အပါဝင် ဒါဇင်နဲ့ချီသည့် လူသတ်မှုများအတွက် Matteo Messina Denaro ကို မျက်ကွယ်မှာ တရားစီရင်ခဲ့ပြီး ထောင်ဒဏ်တသက် ပြစ်ဒဏ်ကျခံစေခဲ့ကြောင်းသိရသည်။

အသက် ၆၀ ရှိသည့် Denaro သတ်ခဲ့သည့်သူ အရေအတွက်မှာ သင်္ချိုင်းကုန်းတစ်ခုစာမျှပင် ပြောစမှတ်ရှိခဲ့ဖူးကြောင်းဆိုသည်။

နှစ်ပေါင်း ၃၀ ခန့် ရှောင်နေခဲ့သော်လည်း စစ္စလီကျွန်းအနောက်ပိုင်း Trapani တွင်လည်း မာဖီးယားဂိုဏ်းများကို ဆက်လက်ပြီး အုပ်ချုပ်ခဲ့ကြောင်း ပြီးခဲ့သည့် စတင်ဘာလက ရဲတပ်ဖွဲ့များက ပြောခဲ့ကြောင်းသိရသည်။

၂၀၁၅ ခုနှစ်က သူနဲ့ အနီးကပ်ဆုံး လုပ်ဖော်ကိုင်ဖက်တစ်ဦးနဲ့ လျှို့ဝှက်ဆက်သွယ်ထားသည့် စာတစ်စောင်ကို စစ္စလီကျွန်းပေါ် စိုက်ပျိုးခင်းများထဲမှ ကျောက်တုံးအောက်တွင် တွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုထားသည်။

Denaro ကို ဖမ်းဆီးရနိုင်ခြင်းသည် အီတလီနိုင်ငံ၏ ရာဇဝတ်မှုတိုက်ဖျက်ရေးအတွက် မဟာအောင်ပွဲဖြစ်ကြောင်း အီတလီဝန်ကြီးချုပ် Giorgia Meloni ကကြေညာချက်ထုတ်ခဲ့ကြောင်းသိရသည်။

အီတလီနိုင်ငံ၏ အလိုရှိဆုံး မာဖီးယားဂိုဏ်းသူဌေးကို အီတလီရဲတပ်ဖွဲ့ ဖမ်းဆီး

ထင်မြင်ယူဆချက်‌‌ပေးရန်