Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အီတလီတွင် တရားမဝင်ရွှေ့ပြောင်းများ သယ်ဆောင်လာသည့် စက်လှေတစ်စီး နစ်မြုပ်ကာ လူ ၆၀ နီးပါး သေဆုံး

အီတလီတွင် တရားမဝင်ရွှေ့ပြောင်းများ သယ်ဆောင်လာသည့် စက်လှေတစ်စီး နစ်မြုပ်ကာ လူ ၆၀ နီးပါး သေဆုံး

ABN-နွယ်စိုး

အီတလီနိုင်ငံတွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား သယ်ဆောင်လာသည့် လှေတစ်စင်းသည် တနင်္ဂနွေနေ့က အီတလီနိုင်ငံ ကာလာဘရီယာ ဒေသရှိ ကရိုတိုနေးမြို့အနီးသို့ ကမ်းကပ်ရန် ကြိုးပမ်းရာတွင် ကျောက်ဆောင်တစ်ခုနဲ့ တိုက်မိခဲ့​သည့်အတွက်ကြောင့် ပျက်စီးနစ်မြုပ်ခဲ့သွားပြီး ကလေး ၁၂ ဦး အပါအဝင် လူ ၅၉ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ လှေတွင် အာဖဂန်နစ္စတန်၊ အီရန်၊ ပါကစ္စတန်နှင့် ဆိုမာလီယားနိုင်ငံများမှ ခရီးသည်များကို သယ်ဆောင်ကာ တူရကီနိုင်ငံမှ ၅ ရက်ကြာ ထွက်ခွာလာခဲ့ပြီးနောက် ပြင်းထန်သည့် လှိုင်းလုံးများနှင့် စွမ်းအားပြင်းသည့် လေတိုက်ခတ်မှုတို့ကြောင့် ယခုကဲ့သို့ ပျက်စီးနစ်မြုပ်သွားရခြင်းဖြစ်သည်။

ထို့အပြင် လူ ၈၁ ဦး ကို ထိုနစ်မြုပ်ခြင်းမှ ကယ်ဆယ်ရေးသမားများက ကယ်ဆယ်နိုင်ခဲ့ပြီး ၂၀ ဦးကို ဆေးရုံးတင်ထားရုာ အယောက် ၂၀ မှ ၃၀ အထိ ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်သည်ဟု မတော်မဆဖြစ်ပွားခဲ့သည့်နေရာသို့ သွားရောက်ကြည့်ရှုခဲ့သည့် အီတလီပြည်ထဲရေးဝန်ကြီး မာတဲယို ပီရန်တဲဒိုဇီက ပြောကြားခဲ့သည်။

အဆိုပါလှေပေါ်၌ လိုက်ပါလာသည့် ခရီးသည်များမှာ ခန့်မှန်းခြေအရ ရွှေ့ပြောင်းနေထိုင်သူ ၂၀၀ ကျော် လိုက်ပါလာကြောင်း ကုလသမဂ္ဂ၏ အေဂျင်စီနှစ်ခုမှ ပူးတွဲကြေညာချက်တွင် ထုတ်ပြန်ထား​သည်။

အသက်ရှင်လွတ်မြောက်လာသူများထဲမှ အမျိုးသားတစ်ဦးကို ရွှေ့ပြောင်းနေထိုင်သူများနှင့်ပတ်သက်၍ လူကုန်ကူးခြင်းဟူသော စွဲချက်ဖြင့် စစ် ဆေးကာ ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါ လှေနစ်မြုပ်ရခြင်း၏ အကြောင်းရင်းများသည် တင်ဆောင်နိုင်သည့် ဝန်ထက်ပို၍ တင်ဆောင်ခဲ့ခြင်းကြောင့်နှင့် ရာသီဥတုဆိုးရွားမှုတို့များကြောင့် ဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ