Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယ မဏိပူရ်ပြည်နယ်တွင် လူမျိုးရေးတင်းမာမှုဖြစ်ပွားသောကြောင့် လူအများအပြား သေဆုံး

အိန္ဒိယ မဏိပူရ်ပြည်နယ်တွင် လူမျိုးရေးတင်းမာမှုဖြစ်ပွားသောကြောင့် လူအများအပြား သေဆုံး

ABN-ရှိုင်မိုး

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရ်ပြည်နယ်တွင် လူအများစု ကသည်းလူမျိုးများနှင့် လူအနည်းစုဖြစ်သည့် တောင်တန်းသား လူမျိုးစုများကြား လူမျိုးရေးတင်းမာမှုဖြစ်ပွားသောကြောင့် လူအများအပြား သေဆုံးသည်ဟုသိရသည်။

အကြမ်းဖက်မှုအတွင်း သေဆုံးသူနှင့် ဒဏ်ရာရရှိသောသူများ၏ အရေအတွက်ကို တရားဝင် အတည်ပြုနိုင်ခြင်းမရှိသေး။ သို့သော်လည်း အသက် ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်ဟု မဏိပူရ် ပြည်နယ် ဝန်ကြီးချုပ် N. Biren Singh က ပြောဆိုထားသည်။

ပြီးခဲ့သည့် မေလ ၄ ရက်နေ့က ပြည်နယ်မြို့တော် အင်ဖာတွင် လူမျိုးစု ဒေသခံများ၏ နေအိမ်များကို မီးရှို့ခြင်း၊ လုယက်ဖျက်ဆီးခြင်းနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ထိုအထဲတွင် ပြည်နယ်လွှတ်တော်အမတ် ၂ ယောက် အပါအဝင် အနည်းဆုံး လူ ၂၇ ယောက် ဒဏ်ရာရရှိခဲ့သည်။

လူမျိုးရေးပဋိပက္ခကြောင့် မေလ ၅ ရက်နေ့တွင် ဒေသခံ ၂၀,၀၀၀ ကျော်ကို အိန္ဒိယစစ်တပ်မှလုံခြုံရေးပေးထားသည့် ယာယီခိုလှုံရေးစခန်းများသို့ အာဏာပိုင်များက ရွှေ့ပြောင်းပေးခဲ့သည်ဟုသိရသည်။

မဏိပူရ်ပြည်နယ် မြေပြန့်လွင်ပြင်တွင်နေထိုင်သည့် ကသည်းလူမျိုး အများစုက scheduled tribe ဟုခေါ်သည့် အထူးသီးသန့် လူမျိုးစု အဆင့်အတန်းရရှိရေး တောင်းဆိုကြသည်။

ဗဟိုအစိုးရက တရားဝင် လက်ခံအသိအမှတ်ပြုထားသည့် လူမျိုးစုများက ကသည်း လူမျိုးများကို အထူး သီးသန့်လူမျိုးစုအဖြစ် မသတ်မှတ်ဖို့ကန့်ကွက်ရာက ယခုကဲ့သို့ လူမျိုးရေး ပဋိပက္ခများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာရခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ