သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုကြောင့် မူဆလင် ၁၆ ဦးကို အာသံ​ပြည်နယ်အစိုးရ ထပ်မံ နှင်ထုတ်

​AB News – နိုဝင်ဘာ ၃ ၊ ၂၀၂၅
ဆိုဖီ

​အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်း ပြည်နယ်တစ်ခုဖြစ်သော အာသံပြည်နယ်ထဲသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသည့် မူဆလင် ၁၆ ဦးကို အိန္ဒိယအာဏာပိုင်များက ဖမ်းဆီးပြီး ၎င်းတို့၏ မူရင်းနိုင်ငံသို့ ပြန်လည်နှင်ထုတ်လိုက်ကြောင်း သိရသည်။

​ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော အာသံပြည်နယ်သည် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု ပြဿနာကို ကြာရှည်စွာ ရင်ဆိုင်နေရသည့်အတွက် ယခုနှင်ထုတ်မှုမှာ ပြည်နယ်အစိုးရမှ ထိုပြဿနာအား ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းနေကြောင်း သိရသည်။

ယမန်​နေ့ နိုဝင်ဘာလ ၂ ရက်နေ့ က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အာသံပြည်နယ်၊ သီရိဘူမိ နယ်မြေသို့ တိတ်တဆိတ် ခိုးဝင်လာခဲ့သော မူဆလင် ၁၆ ဦးကို အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီးရမိသူများထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်ကြောင်း သိရသည်။

၎င်းတို့သည် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုအတွက် တရားဝင် ခွင့်ပြုချက်များ တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။

အာသံပြည်နယ် ဝန်ကြီးချုပ် ဟီမန်တာ ဘီဆဝါ ဆာရ်မာ (Himanta Biswa Sarma) က နိုင်ငံပိုင်မီဒီယာများသို့ ပြောကြားရာတွင် ပြည်နယ်အတွင်း တရားမဝင် ခိုးဝင်နေထိုင်သူများအားလုံးကို ရှာဖွေဖော်ထုတ်၍ ၎င်းတို့၏ မူရင်းနိုင်ငံများသို့ ဆက်လက်၍ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အာသံပြည်နယ်အစိုးရသည် နယ်စပ်လုံခြုံရေးနှင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု ပြဿနာများအပေါ် လုံခြုံရေးများကို အထူးတင်းကျပ်ထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၊ တြိပူရ (Tripura) ပြည်နယ်နှင့် အာသံ (Assam) ပြည်နယ်တို့တွင် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို အောက်တိုဘာလအတွင်း အာဏာပိုင်များက ဖမ်းဆီးနှင်ထုတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့တွင်လည်း တြိပူရပြည်နယ်ထဲသို့ တရားမဝင် ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မူဆလင် ၆ ဦးကို အိန္ဒိယ အာဏာပိုင်များက နှင်ထုတ်ခဲ့သည်။

အလားတူ အောက်တိုဘာ ၂၁ ရက်နေ့တွင် အာသံ ပြည်နယ်ထဲသို့ ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ် မူဆလင် ၈ ဦးကို နှင်ထုတ်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၀ ရက်နေ့တွင် အာသံပြည်ရှိ သီရိဘူမိ ခရိုင်ထဲသို့ ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၈ ဦးကိုလည်း ဖမ်းဆီးပြီးနောက် နှင်ထုတ်ခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ