Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယ-ပါကစ္စတန်နယ်စပ်ကြားထဲ အားပြင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြီး Biparjoy တစ်လုံး ဇွန်လ၁၅ ရက်နေ့ နေ့လည်ပိုင်းတွင် ဝင်ရောက်နိုင်ဖွယ်ရှိနေသည့်အတွက်ကြောင့် ပြည်သူများ ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း

ABN-နွယ်စိုး

ဇွန် ၁၄ ရက်

အာရေဗျာပင်လယ် အရှေ့မြောက်ပိုင်းကို ဖြတ်ကျော်ကာ အားပြင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီးတစ်ခု အိန္ဒိယ-ပါကစ္စတန်နယ်စပ်ကြားသို့ ဇွန်လ ၁၅ ရက် ကြသပတေးနေ့ နေ့လည်ပိုင်းတွင် ဝင်ရောက်လာနိုင်ဖွယ် ရှိနေသာကြောင်း အိန္ဒိနိုင်ငံ ကမ်ဒလာဆိပ်ကမ်းမြို့မှ ဒေသခံများ ဂန္ဒီဒမ်မြို့သို့ ရွှေ့ပြောင်းခိုလှုံနေကြရကြောင်း ပါကစ္စတန်သတင်းဌာနတွင် ဖော်ပြထားသည်။

ထိုအပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း Biparjoy သည် တနာရီလျှင် လေတိုက်နှုန်း မိုင် ၉၀ ကျော်ကနေ ၁၀၅ မိုင်ကျော် လောက်အထိ ပြင်းထန်နိုင်ဖွယ်ရှိပြီး ရေလှိုင်းကြီးများ ပေ ၃၀ လောက်အထိ တက်နိုင်ကြောင်း ပါကစ္စတန် မိုးလေဝသဌာနက သတိပေးထားသည်။

အဆိုပါမုန်တိုင်းသည် ပါကစ္စတန် ကရာချီးမြို့နှင့် နယ်စပ်ဖြစ်သော အိန္ဒိယနိုင်ငံ ဂူဂျာရက်ကမ်းရိုးတမ်းဒေသကြား ကုန်းတွင်းပိုင်းသို့ ကြာသပတေးနေ့ နေ့လည်ခန့်လောက်မှာ ဝင်ရောက်လာနိုင်ဖွယ် ရှိကြောင်း မိုးလေဝသ၏ နောက်ဆုံး ခန့်မှန်းချက်များကို ယူပြီး ကုလသမဂ္ဂကလည်း သတိပေးထားသည်။

အဆိုပါ အင်အားပြင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် လူဦးရေ ၅၅,၀၀၀နှင့် အိမ်ခြေ ၉,၀၀၀ လောက် မုန်တိုင်းဒဏ် တိုက်ရိုက်ခံရနိုင်သည့် အခြေအနေရှိကြောင်းနှင့် ကမ်းရိုးတမ်းဒေသများတွင် ရေကြီးမှုအန္တရာယ် ဆိုးဆိုးရွားရွား ကြုံရနိုင်ဖွယ်ရှိသည့်အကြောင်းကိုလည်း ကုလသမဂ္ဂက သတိပေးထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ