သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယ – တရုတ် ပူးပေါင်းပြီး အမေရိကန် ကုန်သွယ်ရေး မူဝါဒကို တုံ့ပြန်မည်
အိန္ဒိယ – တရုတ် ပူးပေါင်းပြီး အမေရိကန် ကုန်သွယ်ရေး မူဝါဒကို တုံ့ပြန်မည်

AB News – သြဂုတ် ၂၂၊ ၂၀၂၅
နွယ်စိုး

အိန္ဒိယနိုင်ငံအပေါ် အမေရိကန်က ချမှတ်ထားသည့် အခွန်မူဝါဒများနှင့်ပတ်သက်၍ တရုတ်နိုင်ငံက ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး အိန္ဒိယနှင့်အတူ ပူးပေါင်းကာ တုံ့ပြန်သွားမည်ဟု တရုတ်သံအမတ်ကြီးက ပြောကြားလိုက်သည်။

အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရှူဖေးဟုန်က သြဂုတ် ၂၁ ရက်တွင် ကျင်းပသည့် ‘SCO Summit 2025: Resetting India-China Ties’ အခမ်းအနား၌ အမေရိကန်၏ ကုန်သွယ်ရေးမူဝါဒသည် အနိုင်ကျင့်ခြင်းဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။

အမေရိကန်သည် အိန္ဒိယတင်သွင်းကုန်ပစ္စည်းများအပေါ် ၅၀ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့်ကောက်ခံခဲ့မှုကို တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

“တိတ်ဆိတ်နေတာက အနိုင်ကျင့်သူကို ပိုပြီးသတ္တိရှိစေပါတယ်။” ဟု ရှူဖေးဟုန်က ဆိုသည်။

ထို့အပြင် “တရုတ်က အိန္ဒိယဘက်ကနေ ခိုင်မာစွာ ရပ်တည်ပြီး ဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်းသွားမှာပါ” ဟု ဆိုသည်။

တရုတ်သံအမတ်ကြီးက အမေရိကန်၏ အခွန်မူဝါဒသည် လွတ်လပ်သော နိုင်ငံတကာ ကုန်သွယ်ရေးစနစ်ကို ဖျက်ဆီးနေကြောင်းနှင့် အပေးအယူလုပ်ရာတွင် အမေရိကန်သည် အခြားနိုင်ငံများထံမှ မတန်တဆ အကျိုးအမြတ်ရရှိရန် အခွန်များကို အသုံးပြုနေသည်ဟု စွပ်စွဲခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တင်းကျပ်သော အခွန်မူဝါဒများကြောင့် ယခင်က နယ်စပ်အငြင်းပွားမှုများနှင့် ကုန်သွယ်ရေးပြိုင်ဆိုင်မှုများ ရှိခဲ့သည့် တရုတ်နှင့် အိန္ဒိယတို့အကြား ရှားရှားပါးပါး ညီညွတ်မှုကို ရရှိခဲ့ခြင်း ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ