Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယ၏ RRR ရုပ်ရှင်ကား ၂၀၂၃ အကယ်ဒမီဆုပေးပွဲတွင် ဆန်ခါတင်ဇာတ်ဝင်တေးသီခြင်းအဖြစ် သတ်မှတ်ခံရ

ABN – သူရမောင်

အိန္ဒိယ၏ RRR ရုပ်ရှင်ကားသည် ၂၀၂၃ အကယ်ဒမီ ဆုပေးပွဲတွင် အကောင်းဆုံး မူရင်းဇာတ်ဝင်တေးသီခြင်းများထဲမှ တစ်ခုအဖြစ် အင်္ဂါနေ့က ဆန်ခါတင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

Rise, Roar, Revolt ဟု ကိုယ်စားပြုသည့် RRR ရုပ်ရှင်ကားသည် ဗြိတိန်လက်အောက်မှ အိန္ဒိယလွတ်မြောက်ရေးအတွက် လုပ်ဆောင်ခဲ့သည် အချိန်အခါကို ရိုက်ကူးထားသည့် တဂူးဒရမ်မာအမျိုးအစားဖြစ်သည်။

အနုပညာမြောက်မှု၊ တောရိုင်းအက်ရှင်ဇာတ်လမ်းများ၊ ပေါက်ကွဲမှုများ၊ ထင်ရှားသည့် တိုက်ပွဲများ၊ ဖျော်ဖြေတင်ဆက်သူအရေအတွက်များပြားခြင်းနှင့် လူတစ်ယောက်နှင့် ကျားတစ်ကောင် တိုက်ခိုက်ခြင်းစသည့် အချက်အလက်များကို စုံလင်အောင်ထည့်သွင်းထားသည့် ၃ နာရီကြာ သမိုင်းစိတ်ကူးယဉ် ဒရမ်မာတစ်ခုလည်းဖြစ်သည်။

အကယ်၍ RRR ရုပ်ရှင်ကားသာ အိုစကာဆုရရှိသွားပါက ကမ္ဘာတွင် ပထမဆုံးသော ဆုရရှိသည့် ကားတစ်ကားဖြစ်သွားပေလိမ့်မည်။

အကောင်းဆုံး မူရင်းတေးသီခြင်းအတွက် ဆုဖလားကိုသာ ယခုနှစ်အတွင်း မိမိနိုင်ငံသို့ ယူဆောင်လာခြင်းသည် အိန္ဒိယ၏ ပထမဆုံး Golden Globeဆုကို ရရှိလာမည့် ရုပ်ရှင်ကားတစ်ကားဖြစ်သည်။

ဝန်ကြီးချုပ် မိုဒီက Golden Globesကို ရရှိခြင်းသည် “တကယ့်ကို ထူးခြားပြောင်မြောက်လှတဲ့ အောင်မြင်မှုတစ်ခုပါပဲ၊ ဒီလိုမျိုး ဂုဏ်သတင်းကြီးသွားတာကို အိန္ဒိယနိုင်ငံသားတွေလည်း အများကြီး ဂုဏ်ယူနေကြမှာပါ” ဟု တွယ်တာစာမျက်နှာပေါ်တွင် ဖော်ပြခဲ့သည်။

Indian Expressမှ ရုပ်ရှင်ဝေဖန်သူ Shubhra Guptaက “အယင်က မရှိခဲ့တဲ့ နည်းလမ်းတွေနဲ့ တမူထူးခြားအောင် လုပ်ဆောင်ထားတာကို တွေ့ရပါတယ်၊ Naatu Naatuရဲ့ ပါဝင်ကူညီမှုတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟုပြောသည်။

RRR သည် Marvelအတွက် အိန္ဒိယ၏ အဖြေဖြစ်သည်ဟု Guptaက CNNကို ပြောသည်။

ဒါရိုက်တာ S.S Rajamouliက “အစတုန်းကတော့ ဒီဇာတ်ကားကို လုပ်တုန်းက ဝေဖန်ထောက်ပြတာတွေမရှိခဲ့ပါဘူး၊ ဒီဇာတ်ကားကို ပရိတ်သတ်အတွက်၊ သူတို့ကြိုက်ဖို့၊ အတွေ့အကြုံတွေရစေဖို့အတွက်ပဲ ကျွန်တော်တို့ လုပ်ခဲ့တာပါ”ဟု ရိုက်တာသတင်းဌာနကိုပြောသည်။

IMDbအရ RRRမှာ အိန္ဒိယတွင် ဝင်ငွေအမြင့်ဆုံး ၄ ကားမြောက် ဇာတ်ကားဖြစ်ပြီး ယခင်ကတည်းကပင် ကမ္ဘာတစ်ဝှမ်းလုံးတွင် ဒေါ်လာသန်း ၁၅၀ ကျော် ဝင်ငွေရရှိထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

RRR ဇာတ်ကားကို ရုပ်ရှင်ရုံများတွင် ရုံတင်ပြသပြီးနောက် Netflixတွင် တင်ခဲ့ပြီး ၁၆ ပတ်ကာလအတွင်း အင်္ဂလိပ်ဇာတ်ကားမပါဘဲ လူ့ကြည့်အများဆုံး ထိပ်တန်း ၁၀ တွင် ဝင်ခဲ့သည်။

Rajamouliက ကျယ်ပြန့်ပြီး လက်လှမ်းမီနိုင်သည့်အပိုင်းကို streaming service သို့ ခရစ်ဒစ်လုပ်ပေးပါသည်။ “ လူအများကြီးက RRRကို သိသွားပြီဆိုရင် အဲဒါဟာ streaming platform Netflixကြောင့်ပါပဲ၊ အဲဒီ့အတွက်လည်း ကျေးဇူးတင်ပါတယ်” ဟု Yahoo UKကို ပြောခဲ့သည်။

သို့သော် ဖန်သားပြင်ကြီးပေါ်တွင် ရုပ်ရှင်ကြည့်ရန် ပြဇာတ်ရုံသို့ သွားရသည့် လူထုအတွေ့အကြုံကို ခြိမ်းခြောက်မှုကြောင့် streaming servicesကို ဟီးရိုးနှင့် ဗိန်လိန်ဟု ဖော်ပြခဲ့သည်။

အခြား ရုပ်ရှင်များဖြစ်သည်ံ Hold My Handမှ Top Gun: Maverickနှင့် Lift Me UPမှ Black Panther: Wakanda Forever တို့မှာ ဆန်ခါတင်စာရင်းတွင် ပါဝင်နေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ