
AB News – နိုဝင်ဘာ ၂၁ ၊ ၂၀၂၅
ဆိုဖီ
အိန္ဒိယနိုင်ငံ ရေပိုင်နက်ထဲသို့ တရားမဝင် ခိုးဝင် ငါးဖမ်းနေကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၉ ဦးတို့ကို ဖမ်းဆီးလိုက်ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်(ICG) မှ ထုတ်ပြန်သည်။
နိုဝင်ဘာ ၁၅ နှင့် ၁၆ ရက်တို့တွင် အိန္ဒိယကမ်းခြေစောင့်တပ်(ICG) မှ တရားမဝင် ခိုးဝင်ငါးဖမ်းနေကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၉ ဦးအား ငါးဖမ်းဘုတ် ၃ စီး နှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၁၈ ရက်နေ့တွင် အိန္ဒိယကမ်းအခြေစောင့်တပ်(ICG) မှ တာဝန်ရှိသူ ၁ ဦးက The Business Standard သတင်းဌာနသို့ပြောကြားရာ၌ အိန္ဒိယ ရေပိုင်နက်အတွင်း တရားမဝင် ငါးခိုးဖမ်းမှုသည် ၁၉၈၁ ခုနှစ် နိုင်ငံခြားရေယာဥ်နှင့် ငါးဖမ်းဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ပြီး ဥပဒေအရ ထောင်ဒဏ် ၃ နှစ်၊ ငွေဒဏ်ချမှတ်နိုင်ခြင်းနှင့် ငါးဖမ်းကိရိယာဘုတ်များအား နိုင်ငံပိုင်အဖြစ်သိမ်းပိုက်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
လတ်တလောတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် အိန္ဒိယရေပိုင်နက်နှင့် ရက္ခိုင်ပြည် ရေပိုင်နက်အတွင်း ကျူးကျော်ကာ တရားမဝင် ငါးခိုးဖမ်းနေမှုများ မကြာခဏရှိနေသောကြောင့် အာဏာပိုင်များက ဆက်လက်အရေးယူ ဖမ်းဆီးရမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။