Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယမြေမှ ကနေဒါသံတမန် ၄၁ ဦး ထွက်ခွာရန် အမိန့်ထုတ်

အိန္ဒိယမြေမှ ကနေဒါသံတမန် ၄၁ ဦး ထွက်ခွာရန် အမိန့်ထုတ်

ABN-နွယ်စိုး

အောက်တိုဘာ ၄ ရက်

အိန္ဒိယမှာရှိသည့် ကနေဒါသံတမန် ၆၂ ယောက်အထဲမှ ၄၁ ယောက်ကို ဖယ်ရှားရန် အိန္ဒိယကအမိန့်ထုတ်လိုက်ကြောင်း အမည်မဖော်လိုသည့် ကနေဒါတာဝန်ရှိသူတဦးက အင်္ဂါနေ့က ပြောကြားလိုက်သည်။

ကနေဒါနှင့် အိန္ဒိယတို့ကြား အကြီးတန်းသံတမန်များကို အပြန်အလှန်နှင်ထုတ်ကြပြီးနောက် အင်္ဂါနေ့က အိန္ဒိယအနေဖြင့် ယခုလို အမိန့်ထုတ် လုပ်လိုက်ခြင်း ဖြစ်သည်ဟု FINANCIAL TIMES က ဖော်ပြထားသည်။

အဆိုပါ သံတမန်များအနေဖြင့် အိန္ဒိယနိုင်ငံတွင် အောက်တိုဘာ ၁၀ ရက်အလွန်ထိ နေထိုင်သည့် ကနေဒါသံတမန်များသည် ၄င်းတို့၏ သံတမန်ရေးရာ အခွင့်အရေးများ ဆုံးရှုံးမည်ဖြစ်ကြောင်း ဖိုင်နယ်ရှယ်တိုင်းမ်သတင်းဌာနက ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့က ကနေဒါမြေမှာ ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် Hardeep Singh Nijjar သတ်ဖြတ်ခံရမှုမှာ အိန္ဒိယ နိုင်ငံက ပါဝင်ပတ်သက်နေကြောင်း ကနေဒါဝန်ကြီးချုပ် Justin Trudeau က စွပ်စွဲ ပြီးနောက် နှစ်နိုင်ငံရှိ သံတမန်များကို အပြန်အလှန် နှင်ထုတ်ခဲ့ကြသလို တင်းမာမှုများလည် ဖြစ်လာခဲ့သည်။

၁၉၈၀ ခုနှစ်များအတွင်းက ခါလစ္စတန်အမည်ရှိသည့်နိုင်ငံတနိုင်ငံထူထောင်မည့် ဆစ်ခ် ခွဲထွက်ရေးလှုပ်ရှားမှုမှာ နစ်ဂျာပါဝင်ပတ်သက်ခဲ့မှုကြောင့် အိန္ဒိက ၄င်းကို အကြမ်းဖက်သမားဟုသတ်မှတ်ခဲ့ကြပြီး ကနေဒါအနေဖြင့် ခါလစ္စတန်လိုလားသည့် အစွန်းရောက်သမားများ ခိုလှုံရာတိုင်းပြည်ဖြစ်သည်ဟု အိန္ဒိယကပြောကြားထားသည်။

ကနေဒါ-အိန္ဒိယ ဆက်ဆံရေး တင်းမာလာခြင်းကြောင့် ပြီးခဲ့သည့် အပတ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်ကနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး