Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယနိုင်ငံ Odisha ပြည်နယ်တွင် ရထား မတော်တဆမှုဖြစ်ပွားမှုကြောင့် လူ ၂၃၀ ထက်မနည်းသေဆုံးပြီး ၉၀၀ ကျော်ဒဏ်ရာရ

ABN-နွယ်စိုး

ဇွန် ၃ရက်

အိန္ဒိယနိုင်ငံ Odisha ပြည်နယ်ထဲမှ Balasore ဒေသတွင် သောကြာနေ့က ခရီးသည်တင် ရထားနှင့် ကုန်တင်ရထား၂ စီး ခေါင်းချင်းဆိုက် တိုက်မိမှုကြောင့်လူ လူပေါင်း၂၃၀ ဦးထက်မနည်းသေဆုံးပြီး ၉၀၀ ကျော် ဆေးရုံတင်ထားရကြောင်း အိန္ဒိယ သတင်းဌာနတွင်ဖော်ပြထားသည်။

Kolkata ကနေ Chennai ကိုပြေးဆွဲနေသည့် Coromandel Express ရထားသည် ကုန်ရထားနှင့် တိုက်မိကာ လမ်းချော်သွားခဲ့ခြင်းဖြစ်ကြောင်း ရထားပို့ဆောင်ရေးဌာန အရာရှိများက ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားသည့် နေရာတွင် ကယ်ဆယ်ကူညီရေးများ လုပ်ဆောင်နေပြီး တတ်နိုင်သမျှအားလုံး အကူညီပေးရန် လုပ်နေပြီဟု ဝန်ကြီးချုပ် Narendra Modi က တွစ်တာကနေ ပြောကြားထားသည်။

သဘာဝဘေးအန္တရာယ် တုန့်ပြန်ရေးအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် လေတပ်များကလည်း အခင်းဖြစ်ပွားသည့် နေရာတွင် အကူအညီများပေးရန် လုပ်ဆောင်နေကြောင်း မီးရထားပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်း ဗီဒီယို သတင်းများ၌ တခုပေါ် တခုထပ်နေသော ရထားတွဲများထဲကနေ အကူညီတောင်းနေသူများကို တွေ့မြင်နေရပြီး ဒဏ်ရာရသူများကို စောင့်ဆိုင်းနေသည့် အရေးပေါ်ယာဉ်များဆီ သယ်သွားနေသည်ကို တွေ့ရသည်။

အရှေ့တောင်ပိုင်း ရထားပို့ဆောင်ရေးဌာနမှ အရာရှိများအနေဖြင့် သေဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက် အတော်များကြောင့် ပြောကြားထားသော်လည်း အရေအတွက် အတိအကျကို အခုအချိန်ထိ မသိနိုင်သေးဟု ပြောကြားခဲ့သည်။

ထိုအပြင့် ဒဏ်ရာရသူ အများအပြားကို ဆေးရုံများသို့ ပို့ဆောင်ပေးနေသလို ရထားပို့ဆောင်ရေးဌာန ကယ်ဆယ်ကူညီရေး အဖွဲ့များလည်း အခင်းဖြစ်ပွားသည့် ရာနေရာတွင် အကူညီပေးနေကြကြောင်း သိရသည်။

၁၉၉၅ ခုနှစ် သြဂုတ်လအတွင်းကလည်း နယူးဒေလီမြို့တွင် ရထားနှစ်စီး တိုက်မိခဲ့ရာ လူ ၃၅၀ သေဆုံးခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ