Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယနိုင်ငံ နယူးဒေလီတွင် မြန်မာဒုက္ခသည် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရ

အိန္ဒိယနိုင်ငံ နယူးဒေလီတွင် မြန်မာဒုက္ခသည် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရ

ABN- မေအိအိအောင်

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့အတွင်းတွင် မြန်မာဒုက္ခသည် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရပြီး အမျိုးသား ၄ဦး၏ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ခံခဲ့ရကြောင်း ဒေသတွင်းသတင်း၌ ဖော်ပြထားသည်ကိုတွေ့ရသည်။

ပြန်ပေးဆွဲ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည်မှာ ပြီးခဲ့သည့် ဖေဖော်၀ါရီ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သူမအနေဖြင့် ဖေဖော်၀ါရီ ၂၆ ရက်နေ့က ရဲတပ်ဖွဲ့များသို လာရောက်အမှုဖွင့်ခဲ့ကြောင်း ရဲအရာရှိတစ်ဦးကဆိုသည်။

ဖြစ်စဥ်မှာ ၎င်း မြန်မာအမျိုးသမီးသည် နယူးဒေလီအရှေ့တောင်ပိုင်းရှိ တစ်နေရာသို့ ၎င်း၏ခင်ပွန်းနှင့်အတူ သမီးငယ်အား ဆေကုသရန်သွားရာ ဘူတာရုံအနီး သူမ၏ခင်ပွန်းကို စောင့်နေစဥ် သုံးဘီးယာဥ်မောင်တစ်ဦး၏ ပြန်ပေးဆွဲခံခဲ့ရပြီး အဆိုပါ ယာဥ်မောင်းက သူမအား သီးသန့်နေရာတစ်ခုကို ခေါ်ဆောင်သွားပြီး ၎င်းနေရာတွင်ပင် နယူးဒေလီတောင်ပိုင်းမှ အမျိုးသား ၄ဦး၏ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရကြောင်း နှင့် ကျူးလွန်သူများက သူမအား လမ်းပေါ်တွင်ပစ်ထားခဲ့ပြီး သူမ၏ သမီးကိုတော့ အန္တရာယ်မပေးခဲ့ကြောင်း သူမကပြောသည်။

ရဲတပ်ဖွဲ့အနေဖြင့် ထိုကဲ့သို စွဲဆိုမှုအတွက် အဖွဲ့လိုက်မုဒိမ်းကျင့်မှု၊ ပြန်ပေးဆွဲမှု၊ တခြားအိန္ဒိယပြစ်မှုဆိုင်ရာ ဥပဒေများနှင့် အမှုဖွင့်ထားသည်ဟုသိရပြီး လက်ရှိအချိန်ထိ မည်သည့် တစ်ယောက်ကိုမှ ဖမ်းဆီးခြင်းမရှိသေးကြောင်းသိရသည်။

အဆိုပါ ကျူးလွန်ခံရသူ မြန်မာအမျိုးသမီးမှာ မြန်မာနိုင်ငံ၏ ဒုက္ခသည်အဖြစ် တရား၀င်မှတ်ပုံတင်ထားသူတစ်ဦးဖြစ်သည်။

လက်ရှိတွင် သူမအား ဆေးစစ်မည့်နေရာကို ပို့ထားပြီးဖြစ်ကြောင်းသိရသည်။ ယင်းအပြင် ကျူးလွန်ခံရသည့် နေရာကိုမသိရသေးကြောင်း နှင့် ကျူးလွန်သူများကိုလည်း လက်ရှိအချိန်ထိမဖမ်းဆီးရသေးကြောင်း ရဲအရာရှိတစ်ဦးကဆိုသည်။

News Source-Times of India

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ