သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း တွင် မိုးကြီးပြီးရေကြီးရေလျှံမှုဖြစ်ပွား၍ လူ၁၄ ယောက်သေဆုံးကာ စစ်သားများအပါအဝင် လူ ၁၀၀ကျော် ပျောက်ဆုံးနေ

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း တွင် မိုးကြီးပြီးရေကြီးရေလျှံမှုဖြစ်ပွား၍ လူ၁၄ ယောက်သေဆုံးကာ စစ်သားများအပါအဝင် လူ ၁၀၀ကျော် ပျောက်ဆုံးနေ

ABN-နွယ်စိုး

အောက်တိုဘာ ၅ ရက်

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း Sikkimပြည်နယ်မှာမိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများဖြစ်ပွားမှုကြောင့် စစ်သား ၂၂ ယောက် အပါအဝင် လူ ၁၀၂ ဦးပျောက်ဆုံးနေပြီး လူ ၁၄ ယောက်ထက်မနည်းသေဆုံးသွားကြောင်အာဏာပိုင်များက ပြောကြားခဲ့သည်။

Sikkimပြည်နယ်မြောက်ဘက်ရှိ ရေကန်တစ်ကန်တွင် ရေကြီးရေလျှံခြင်း စတင်ဖြစ်ပွားပြီးနောက် လာချန်တောင်ကြားရှိ တီးစတာမြစ်၌ စိုးရိမ်ဖွယ်မြစ်ရေကြီးမြင့်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ မိုးကြီးပြီး ရေကြီးရေလျှံမှုများကြောင့် မြောက်ပိုင်းဒေသနှင့် ကျန်ပြည်နယ်များသို့ ဆက်သွယ်ထားသော တံတားနှစ်စင်းမှာလည်း ကျိုးကျခဲ့ပြီး သယ်ယူပို့ဆောင်ရေးများ ဆိုးရွားစွာထိခိုက်ခဲ့ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

ရေကြီးရေလျှံမှုကြောင့် အိန္ဒိယစစ်တပ်မော်တော်ယာဉ်အချို့ပါ နစ်မြုပ်သွား၍ လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး မြေနိမ့်ပိုင်းတွင်နေထိုင်သူများကို စတင်ရွှေ့ပြောင်းပေးနေသည်ဟု သိရသည်။

အဆိုပါဒေသတွင် ပိတ်မိနေသူများထဲမှာ ကမ္ဘာလှည့်ခရီးသွား သုံးထောင်ကျော်ပါဝင်ကြောင်း အိန္ဒိယ ဒေသတွင်း သတင်းဌာနများက ဖော်ပြထား၍ ရေကြီးရေလျှံမှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လေ့ရှိပြီး ယမန်နှစ်ကလည်း ရေဘေးကြောင့် လူသောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ကာ ၂၄ ဦးသေဆုံးခဲ့သည်။

Sikkimပြည်နယ်နှင့်အိမ်နီးချင်းပြည်နယ်အချို့တွင်လည်း လာမည့်၂ရက်အတွင်း မိုးကြီးပြီး ရေကြီးရေလျှံမှုများနှင့် မြေပြိုကျမှုများ ပိုမိုဆိုးရွားလာမည်ကို ခန်းမှန့်ထားကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားပြီး လေယာဥ်ခရီးစဥ်များလည် ဖြတ်တောက်နိုင် ဖွယ်ရှိကြောင်း ပြောကြားထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
By proceeding you understand and give your consent that your IP address and browser information might be processed by the security plugins installed on this site.
×