
AB New – အောက်တိုဘာ ၂၀ ၊ ၂၀၂၅
ဆိုဖီ
အိန္ဒိယနိုင်ငံ၊ တြိပူရပြည်နယ်အတွင်း တရားမဝင် ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသာ ၂၁ ဦးအား ယမန်နေ့ အောက်တိုဘာ ၁၉ ရက်နေ့တွင် အိန္ဒိယနယ်စပ် လုံခြုံရေးတပ် BSF က ဖမ်းဆီးခဲ့ကြောင်း India Today NE သတင်းမှ ထုတ်ပြန်ထားကြောင်း သိရသည်။
အန္ဒိယနိုင်ငံ၊ တြိပူရပြည်နယ် မြောက်ပိုင်းရှိ အေဂါတာလာ မိးရထားဘူတာရုံနှင့် အခြားနေရာများမှ ခိုးဝင်လာသော ဘင်္ဂလီ ၂၁ ဦးကို အိန္ဒိယနယ်စပ် လုံခြုံရေးတပ် BSF မှ ဖမ်းမိခဲ့ပြီး ၊ ၎င်းတို့အထဲတွင် ကလေးများနှင့် အမျိုးသမီးများလည်း ပါဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ရက်နေ့တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂလီ ၃ ဦးသည် တြိပူရပြည်နယ် ၊ ခိုဝေခရိုင် တွင် နွားဝင်ခိုးသည့်အတွက် ဒေသခံများ၏ ဝိုင်းသတ်ခြင်းခံရပြီး ၎င်းတို့၏ ရုပ်အလောင်းအား အိန္ဒိယနယ်စပ် လုံခြုံရေးတပ်(BSF) က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) သို့ လွဲပြောင်းပေးခဲ့ကြောင်းသိရသည်။
လက်ရှိမှာ တြိပူရ၊ အာသံနှင့် မိဇိုရမ်ပြည်နယ်များသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ခိုးဝင်မှု မကြာခဏ ရှိလာသောကြောင့် အိန္ဒိယ နယ်စပ် လုံခြုံရေးတပ် BSF မှ ဖမ်းဆီးနှင်ထုတ်နေရကြောင်း အိန္ဒိယသတင်း မီဒီယာမှ ဖော်ပြချက်အရ သိရသည်။
ပုံစာ – ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အိန္ဒိယနိုင်ငံတွင်းသို့ ခိုးဝင်လာသူ ၂၁ ဦးကို အိန္ဒိယနယ်စပ် လုံခြုံရေးတပ် BSF က ဖမ်းဆီးခဲ့စဉ်။