Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယနိုင်ငံမှ အတိုက်အခံခေါင်းဆောင် ရာဟူးဂန္ဓီကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်

အိန္ဒိယနိုင်ငံမှ အတိုက်အခံခေါင်းဆောင် ရာဟူးဂန္ဓီကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်

ABN-ရှိုင်းမိုး

အိန္ဒိယနိုင်ငံ၏အတိုက်အခံ ကွန်ကရက်ပါတီခေါင်းဆောင် ရာဟူးဂန္ဒီကို ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်ပိတ်ပင်သည်ဟုသိရသည်။

ရာဟူးသည် မတ်လ ၂၃ ရက်နေ့က သူခိုးဟု ပြောဆိုမှုကြောင့် အပြစ်ရှိသည်ဟု ထင်ရှားပြီး အောက်လွှတ်တော်တရားရုံးတခုက ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်းခံခဲ့ရသည်။

လွှတ်တော်စည်းကမ်းအရ ထိုသို့ ထောင်ဒဏ်ကျခံရသောသူသည် ရွေးကောက်ပွဲဝင်ပြိုင်ရန် အရည်အချင်း မပြည့်မီသူအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ရာဟူးဂန္ဒီသည် ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် သူခိုးများကို မိုဒီဆိုသူနှင့်နှိင်း၍ ပြောဆိုခဲ့ခြင်းနှင့်ပတ်သက်၍ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီအပေါ် အသရေဖျက်သည်ဟုဆိုကာ တရားရုံးမှ ၎င်းအား ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ရာဟူးဂန္ဒီကို လက်ရှိအာဏာရ BJP ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ပါနက်ရှ်မိုဒီက တရားလိုလုပ်၍ တရားစွဲဆိုခြင်း ဖြစ်ကာ၊ အသေရေဖျက်မှု ပုဒ်မ ၅၀၀ အရ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ပါနက်ရှ်မိုဒီ၏ တရားလွှတ်တော်ရှေ့နေ မစ္စတာကီတန်ရီရှမ်ဝလာက ပြောကြားထားသည်။

ရာဟူးဂန္ဒီသည် နေရူးဂန္ဒီ၏ နိုင်ငံရေး မျိုးဆက်ဖြစ်သလို လက်ရှိ ကွက်ဂရက်ပါတီဂေါင်းဆောင်ဖြစ်သည့်အတွက် တရားရုံးအာမခံရရှိခဲ့သောကြောင့် ၁လ အယူခံဆိုင်းငံ့ပြီးမှ ထောင်ဒဏ်ကျခံရမည် ဖြစ်သည်။

လာမည့် ၂၀၂၄ အိန္ဒိယ အထွေထွေရွေးကောက်ပွဲအတွက် လက်ရှိတွင် မိုဒီ၏ BJP ပါတီအနိုင်ရရန် ရေပန်းစားနေပြီး ထောင်ဒဏ် ချမှတ်ခံရသည့် အတိုက်အခံကွန်ဂရက်ပါတီ၏ခေါင်းဆောင်ဖြစ်သည့် ရာဟူးဂန္ဒီကတော့ အထက်တရားရုံးသို့ အယူခံဆက်တက်မည်ဟု ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး