Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယနိုင်ငံတွင် အပူလှိုင်းကြောင့် လူ ၁၀၀ ဝန်းကျင်သေဆုံး

ABN-နွယ်စိုး

ဇွန် ၁၉ ရက်

ပြီးခဲ့သည် ရက်ပိုင်းက အိန္ဒိယနိုင်ငံတွင် အပူပြင်းထန်မှုကြောင့် လူဦးရေထူထပ်သည့် မြောက်ပိုင်း Utter Pradesh နှင့် အရှေ့ဖက် Bihaပြည်နယ်များ၌ လူ ၉၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများက ပြောကြားထားသည်။

အသက် ၆၀ အထက်နှင့် ကျန်းမာရေးမကောင်းသူများကို နေ့လည်ပိုင်းအချိန် အမိုးအကာအောက်တွင် နေကြရန် အာဏာပိုင်များ က သတိပေးထားသည်ဟု အန္ဒိယသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

အပူလှိုင်းကြောင့် သေဆုံးသူစာရင်းကို တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့ပြီး သေဆုံးသူအများစုသည် အသက် ၆၀ အထက်များ နှင့် မူလကျန်းမာရေးအခံရှိသူများ ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

Utter Pradesh ပြည်နယ်၏ နေရာတချို့တွင် ဇွန်လ ၁၉ ရက်နေ့အထိ အပူလှိုင်းဒဏ်ရှိနေဦးမည်ဟု အိန္ဒိယမိုးလေဝသနှင့် ဇလဗေဒဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။

ထို့အပြင် Utter Pradesh ပြည်နယ်က Ballia မြို့၌ ပြီးခဲ့သည့် သုံးရက်အတွင်းက လူ ၃၀၀ လောက်ကို အပူကြောင့်ဖြစ်သော ရောဂါများနှင့် ခရိုင်ဆေးရုံသို့ တင်ထားရကြောင်း ထိုပြည်နယ်မှ ကျန်းမာရေးအရာရှိတဦးက ပြောသည်။

Balliaမြို့တွင် အရေးပေါ်ကျန်းမာရေး အခြေအနေဖြစ်နေသည့်အတွက်ကြောင့် ကျန်းမာရေးဝန်ထမ်းများ၏ ကြိုတင်ခွင့်တောင်းခံမှုများကို ပယ်ဖျက်ထားရပြီး လူနာများတိုးလာမှုကိုဖြေရှင်းရန် အရေးပေါ် အခြေအနေအရ ဆေးရုံကုတင်များ ထပ်တိုးထားရကြောင်း သိရသည်။

ဆေးရုံသို့ ရောက်လာသူ လူနာအများစုသည် အသက် ၆၀ အထက်များဖြစ်ပြီး ကိုယ်ပူချိန်မြင့်မားခြင်း၊ အော့အန်ခြင်း၊ ဝမ်းသွားခြင်း၊ အသက်ရှုခက်ခဲ့ခြင်းအပြင် နှလုံး ရောဂါအခံရှိသူများ ဖြစ်ကြောင်းတာဝန်ရှိသူများက ပြောသည်။

ထို့အပြင် အိန္ဒိယနိုင်ငံ၌ ယခုလို အပူလှိုင်း ပြင်းထန်နေသည့် ကာလအတွင်း လျှပ်စစ်မီးပြတ်တော်က်မှုပြဿနာအပြင် ရေရှားပါးမှုအခက်အခဲများတို့ကို လည်းရင်ဆိုင်နေကြရသည်။

အဆိုပါ လျှပ်စစ်မီးပြတ်တောက်ရခြင်းနှင့်ပတ်သက်လို Uttar Pradesh ပြည်နယ် Bharatiga tanato Party မှ ဝန်ကြီးချူပ် Yogi Aditganathက အစိုးရအနေဖြင့် ပြည်နယ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရန်အတွက် လိုအပ်သော စီမံကိန်းများ လုပ်ဆောင်နေကြောင်း ပြည်သူများအား ပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ