Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယနိုင်ငံတွင် ရေကြီး မြေပြိုမှုကြောင့် သေဆုံးသူ ၄၂ဦးထိရှိလာ

ABN-ရှိုင်းမိုး

ဇူလိုင် ၁၁ရက်

အိန္ဒိယနိုင်ငံ၏ မြောက်ပိုင်းပြည်နယ်များတွင် ၃ရက်ကြာ မိုးပြင်းပြင်းထန်ထန်ရွာသွန်းမှုကြောင့် ရေကြီး၍မြေပြိုမှုများ ဖြစ်ပွားကာ ယနေ့နံနက်ပိုင်းအချိန်ထိ သေဆုံးသူ ၄၂ဦးထိရှိလာကြောင်းသိရှိရသည်။

ဟီမာချယ် ပရာဒတ်ချ်ပြည်နယ်၊ ပန်ဂျပ်ပြည်နယ်၊ အက်ထရခန်ပြည်နယ်များတွင်လည်း လူသေဆုံးမှုအများဆုံးဖြစ်ပြီး၊ ဟီမာချယ်ပရာဒတ်ချ်ပြည်နယ် တခုတည်းတွင် ရေကြီးမြေပြိုမှုများကြောင့် လူပေါင်း ၂၀ သေဆုံးခဲ့သည်ဟုသိရသည်။

ဟီမာချယ်ပရာဒတ်ချ်ပြည်နယ်ဝန်ကြီးချုပ် ဆုခ်ဘင်ဒါ ဆင်းဂ်ဆူခူက ” ဒီနှစ်ရေကြီးမြေပြိုမှုဟာ နှစ် ၅၀ အတွင်းအဆိုးဝါးဆုံးဖြစ်ပါတယ်၊ လူသေဆုံးမှုများနဲ့ပတ်သက်၍လည်း အလေးအနက် ဝမ်းနည်း ကြေကွဲရပါတယ်” ဟုပြောကြားသည်။

ထို့အပြင် ယခု အခြေအနေကို ကိုင်တွယ်ရန် ပြည်နယ်အစိုးရအနေနဲ့ အစွမ်းကုန်ကြိုးစားနေပြီး ရေကြီးမြေပြိုမှုကြောင့် ရူပီး သန်းပေါင်း ၃,၀၀၀၀ နီးပါး ဆုံးရှုံးသွားကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက “ဟီမာချယ် ပရာဒတ်ချ်၊ အက်ထရခန် အစရှိသည့် ပြည်နယ် ဝန်ကြီးချုပ်များနဲ့ ဆွေးနွေးပြီး လိုအပ်သည့် အကူအညီအားလုံးကို ပံ့ပိုးပေးသွားမည်” ဟု အာမခံပြောကြားသည်။

အိန္ဒိယမိုးလေဝသဌာနက ဇူလိုင်လ ၁၀ရက်နေ့က ကန်ဂရာ၊ ကူလူ၊ မန်ဒီ၊ ရှင်းမလား၊ ဆိုလန်၊ ဘီလာစပါ၊ ဆာမော၊ ဟန်မာပါ ခရိုင်များတွင် အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ခဲ့ပြီး ဇူလိုင် ၁၂ရက်နေ့ထိ မိုးကြီးမည်ဟု ခန့်မှန်းထားသည်။

မိုးပြင်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ ဂင်္ဂါမြစ်နှင့်ဆတ်လဂျ်မြစ်များမှ ရေ များမြင့်တက်မှုကြောင့်ဟီမာချယ်ပရာဒတ်ချ် ပြည်နယ်၊ အူတာပရာဒတ်ချ်ပြည်နယ်၊ ဂျမ်မူးနဲ့ ကက်ချ်မီးယားပြည်နယ်၊ လာဒက်ဒေသတို့တွင် ရေလွှမ်းပြီး မြေပြိုကျခြင်း၊ တံတားများ ကျိုးကျခြင်း၊ အဝေးပြေးကား လမ်းများနှင့် လူနေအိမ်မျာ ရေနစ်မြုပ်ခြင်းများ ဆက်လက်ဖြစ်ပွားနေသည်။

Source-Reuters

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ