
AB News – ဇူလိုင် ၁၉
နွယ်စိုး
အိန္ဒိယနိုင်ငံ၊ အရှေ့ပိုင်းတွင် ယခုရက်ပိုင်းအတွင်း မိုးကြိုးပစ်ခံရပြီး ပြည်သူ ၃၃ ဦးသေဆုံးခဲ့ကာ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများမှ ယမန်နေ့ ဇူလိုင် ၁၈ ရက်နေ့က ပြောကြားလိုက်သည်။
အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်တွင် ဇူလိုင် ၁၆ ရက်နေ့ နှင့်ဇူလိုင် ၁၇ ရက်နေ့က မုတ်သုံမုန်တိုင်းပြင်းထန်ပြီး မိုးကြိုးပစ်မှုကြောင့် အနည်းဆုံးလူ ၃၃ဦးသေဆုံးခဲ့ပြီး ဒဏ်ရာအများအပြားရရှိခဲ့သည်ဟု ဆိုထားသည်။
သေဆုံးသူအများစုမှာ လယ်သမားများနှင့် အလုပ်သမားများဖြစ်ကြကြောင့် ဘီဟာပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ဆိုထားသည်။
မိုးကြိုးပစ်ခံရပြီး သေဆုံးသွားသည့် မိသားစုများကို လျော်ကြေးငွေအဖြစ် ရူပီ 40 သိန်း (ဒေါ်လာ 4,600) ပေးသွားမည်ဟု ပြည်နယ်အစိုးရက ကြေညာထားသည်။
ဘီဟာပြည်နယ်၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝန်ကြီး ဗီဂျေးကူးမားမန်ဒယ်လ်အနေက မိုးကြိုးပစ်ခံရပြီး လူသေဆုံးမှုများပြီးနောက် ပြည်သူများကို ကြိုတင်ကာကွယ်မှု လုပ်ဆောင်ရန် ခရိုင်တာဝန်ရှိသူများအား ပြောဆိုထားသည်ဟု ဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း အိန္ဒိယနိုင်ငံတွင် မိုးကြိုးပစ်ခံရပြီး အနည်းဆုံးလူ ၂၄၃ဦးသေဆုံးခဲ့ကာ ယခုနှစ်အစောပိုင်းတွင် ၂၇၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ပြည်နယ်အစိုးရက ပြောကြားထားသည်။