Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် လူ၁၆ ယောက်သေဆုံးပြီး ၁၀၀ကျော်ပျောက်ဆုံးနေ

အိန္ဒိယနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် လူ၁၆ ယောက်သေဆုံးပြီး ၁၀၀ကျော်ပျောက်ဆုံးနေ

ABN-နွယ်စိုး

ဇူလိုင်-၂၁ ရက်

ဇူလိုင်လ ၂ဝ ရက်နေ့က အိန္ဒိယနိုင်ငံအနောက်ပိုင်း Maharashtra ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး မြေပြိုမှုတို့ကြောင့် ၁၆ ဦးသေဆုံးကာ ၁ဝဝကျော် ပျောက်ဆုံးနေကြောင်း အိန္ဒိယတာ၀န်ရှိသူများက ဇူလိုင် ၂၀ ရက်နေ့က ပြောကြားခဲ့သည်။

Maharashtraပြည်နယ်မှ လူ ၈၀ ကျော် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းနှင့် အပျက်အစီးများထဲတွင် ပိတ်မိနေသည့် လူပေါင်း ၁၀၀ ကျော်ကိုလည်း စိုးရိမ်ကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးလုပ်သားများအနေဖြင့် ကြာသပတေးနေ့ ညနေပိုင်းလောက်မှာ အလောင်း ၁၆ လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် ဒေသဆိုင်ရာ ရှာဖွေမှုကို ဆိုင်းငံ့ထားကြောင်းတို့ကို အမျိုးသား သဘာဝဘေးတုန့်ပြန်ရေးတပ်ဖွဲ့ (NDRF) ညွှန်ကြားရေးမှူးချုပ် Atul Karwal က Reuters သို့ ပြောကြားခဲ့သည်။

“အဲဒီလို မြေပြင်ရဲ့ အမှောင်ထဲမှာ လူတွေကို ရှာဖို့ မဖြစ်နိုင်ဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဥ်များကြောင့် အန္ဒိယနိုင်ငံ၏ အချမ်းသာဆုံးပြည်နယ်ဖြစ်သည့် Maharashtr ပြည်နယ်၏ ကားလမ်းများ နှင့်ရထားလမ်းများပေါ်ရေလျှံခဲ့ကာ စာသင်ကျောင်းများ ပိတ်ထားခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ