Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယနိုင်ငံတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး မြေပြိုကျမှုတို့ကြောင့် လူ ၆၆ ဦးသေဆုံး

ABN-နွယ်စိုး

ဇူလိုင်လ-၁၃ ရက်

ယခုရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံ၌ မိုးအဆက်မပြတ်ရွာသွန်းကာ မြေပြိုကျမှုများဖြစ်ပွားနေပြီး ရေကြီးမှုကြောင့် အနည်းဆုံး လူ ၆၆ ဦးသေဆုံးခဲ့သည်ဟု အစိုးရတာဝန်ရှိသူများက ဇူလိုင်လ ၁၂ ရက် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဥ်များကြောင့် Himachal Pradesdh ပြည်နယ်ရှိ တံတားများပြိုကျသွားခဲ့၍ မော်တော်ယာဥ်များ မျောပါသွားကာ အဆောက်အအုံများ ပြုကျပျက်စီးသွားခဲ့သည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြေပြိုကျမှုတို့ကြောင့် စနေနေ့က အိန္ဒိယနိုင်ငံ၏ ခရီးသွားခရီးသည်များ သွားလာနေသည့် ဟိမဝန္တာတောင်ကုန်းစခန်းများရှိ ပြည်နယ်အချို့တွင် အနည်းဆုံးလူ ၃၃ ဦးသေဆုံးခဲ့ကြောင်း သဘာဝ ဘေးအန္တရယ် အေဂျင်စီ အကြီးအကဲOnkar Sharma က ပြောကြားခဲ့သည်။

၄င်းအပြင် အိန္ဒိယနိုင်ငံ၏ လူဦးရေ အများဆုံး Uttar Pradesh ပြည်နယ် ၌ လူ ၁၁ ဦးသေဆုံးခဲ့ပြီး Uttara Khand ပြည်နယ်တွင် လူ ၁၂ ဦးသေဆုံးခဲ့သည်ဟု ပြည်နယ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသို့ ခရီးသွားလာနေသည့် ရုရှားနိုင်ငံသား ၁၄ ဦးနှင့် မလေးရှားနိုင်ငံသား ၁၂ ဦး အပါအဝင် နိုင်ငံခြားသား ခရီးသည် ၄၀ ပျာက်ဆုံးနေပြီး ၄င်းတို့ကို ကူညီရန် ကယ်ဆယ်ရေးအဖွဲ့များ စုစည်းထားကြောင်း ပြည်နယ် ရဲချုပ် စတန်ဝမ် မှAFPကို ပြောကြားခဲ့သည်။

ပြည်နယ်အနှံ မိုးအဆက်မပြတ်ရွာသွားမှုနှင့် မြေပြိုကျပြီး ရေကြီးမှုတို့ကြောင့် အဆောက်အအုံများ၊လမ်းများ၊ တံတားများ၊ မော်တော်ယာဥ်များ ပြိုကျပြီး ပျက်စီးနေသည့်အတွက်ကြောင့် ပြည်သူများနှင့် ဘုရားဖူးခရီးသည်များကို ခရီးသွားလာခြင်း မပြုလုပ်ရန် မေတ္တရပ်ခံပါသည်ဟု Uttara Khand ဝန်ကြီး Pashkar Singh Dhami က Twitterတွင် ရေးသားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ