သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယနိုင်ငံတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

AB News – နိုဝင်ဘာ ၁၀၊ ၂၀၂၅
ဖြိုးဝေ

အိန္ဒိယနိုင်ငံ၊ တြိပူရပြည်နယ်တွင် ဘင်္ဂလားဒေ့ချ် နိုင်ငံသား  ၃ ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့  (BSF)  က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့တွင်  မူးယစ်ဆေးဝါးများနှင့်ဖမ်းဆီးခံရသည့် ဘင်္ဂလားဒေ့နိုင်ငံသား ၃ ဦးမှာ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား  ၂ ဦး ပါဝင်ကြောင်း သိရသည်။

တြိပူရပြည်နယ်၊ တောင်ပိုင်း ဒတ်သျှင်ခရစ်သျှနာပူရ်၊ အိန္ဒိယရွာတွင် ဘင်္ဂလီများနေထိုင်သော နေအိမ်များကို ဝင်ရောက်ရှာဖွေရာ ဆေးခြောက် ၁၆၈ ကီလိုဂရမ်နှင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ဘင်္ဂလီ ၃ ဦးကို အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BSF)  က ဖမ်းဆီးရမိကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့တွင်လည်း တြိပူရပြည်နယ်၊ ဒါမာနာဂါခရိုင်၊ အနောက်ချန်ဒရာပူရ် ဒေသတွင် တရားမဝင်ခိုးလာသော ဘင်္ဂလားဒေ့ရှ်န်ုင်ငံသား  ၃ ဦးကို အိန္ဒိယနယ်စပ်လုံခြုံရေးတပ်မှ ဖမ်းဆီးမိခဲ့သည်။

ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော တြိပူရပြည်နယ်တွင် တရားမဝင် နယ်စပ်လှုပ်ရှားမှုများတိုးလာသောကြောင့်   အိန္ဒိယနယ်စပ်လုံခြုံရေးတပ်မှ အထူးစောင့်ကြည့်လျှက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ