Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယနိုင်ငံတွင်းရှိ BBC သတင်းဌာနရုံးခွဲများ ဝင်ရောက် ရှာဖွေခံရ

ABN – သူရမောင်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်နှင့် မွန်ဘိုင်း မြို့တို့တွင် အခြေစိုက်ဖွင့်လှစ်ထားသည့် BBC သတင်းဌာနခွဲ ရုံးများကို အင်္ဂါနေ့က အိန္ဒိယအခွန်ဦးစီးဌာန အရာရှိများက ဝင်ရောက်ရှာဖွေခဲ့ကြသည်။

BBC ကနေထုတ်လွှင့်ခဲ့သည့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ နှင့် ပတ်သက်သည့် မှတ်တမ်းရုပ်ရှင်မှာ ဝါဒဖြန့်ချီရေးသက်သက်ဖြစ်သည်ဟု အိန္ဒိယအစိုးရကပြောဆိုလိုက်ပြီး သီတင်းပတ်အနည်းငယ်အကြာမှာ ထိုကဲ့သို့ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

BBC သတင်းဌာနအနေဖြင့် သူတို့၏ရုံးများကို ထိုသို့ ဝင်ရောက်ရှာဖွေခဲ့သည့်အပေါ်တွင် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ယင်းသို့လုပ်ဆောင်ချက်အပေါ် အမြန်ဆုံး ဖြေရှင်းနိုင်ကြလိမ့်မည်ဟု မျှော်လင့်ထားကြောင်း Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

ဝန်ကြီးချုပ် မိုဒီ ၏ Bharatiya Janata Party BJP ပြောရေးဆိုခွင့်ရှိသူ Gaurav Bhatia က ယခုကဲ့သို့ လုပ်ဆောင်ခြင်းမှာ အခွန်ဆိုင်ရာ စစ်ဆေးမှုဖြစ်ကြောင်း ပြောသည်။ ၎င်းအပြင် BBCသည် အိန္ဒိယကို ဖျက်လိုဖျက်ဆီးလုပ်နေသူများနှင့် လက်တွဲလုပ်ဆောင်နေပြီး အဂတိလိုက်စားမှုအများဆုံးနှင့် ရယ်စရာအကောင်းဆုံး သတင်းဌာနဖြစ်သည်ဟု ပြောခဲ့သည်။

” India : The Modi Question ” ဟု အမည်ပေးထားသည့် မှတ်တမ်းရုပ်ရှင်မှာ ပြီးခဲ့တဲ့ ၂ဝဝ၂ ခုနှစ် အိန္ဒိယနိုင်ငံအနောက်ပိုင်း Gujarat ပြည်နယ်မှာ ထိုအချိန်ကာလက ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် Narendra Modi လက်ထက် ဘာသာရေး အဓိကရုန်းဖြစ်ပွားခဲ့မှုကို အဓိကဖော်ပြထားသည်။ ၎င်းဖြစ်စဉ်ကြောင့် အနည်းဆုံး လူတစ်ထောင်အသတ်ခံခဲ့ရပြီး သေဆုံးသူအများစုမှာ မွတ်ဆလင်လူမျိုးများ ဖြစ်ကြသည်။

၎င်းမှတ်တမ်းဗီဒီယိုကို BBC သတင်းဌာနက အိန္ဒိယတွင် ထုတ်လွှင့်ခြင်းမရှိသကဲ့သို့ အိန္ဒိယအစိုးရကလည်း သတင်းနှင့် နည်းပညာဆိုင်ရာ အရေးပေါ်ဥပဒေကို အသုံးပြုပြီး ထိုဗွီဒီယိုကို ပိတ်ထားခဲ့သည်။

ယခုကဲ့သို့ BBC ရုံးများကို ရှာဖွေကြမှုနှင့် ပတ်သက်၍ အိန္ဒိယ မီဒီယာအုပ်စုများကို ကိုယ်စားပြုထားသည့် အစည်းအရုံးကလည်း စိုးရိမ်မှုရှိကြောင်း အင်္ဂါနေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။

အိန္ဒိယအတိုက်အခံပါတီကြီးဖြစ်သည့် ကွန်ဂရက်ပါတီကလည်း အစိုးရကို ပြစ်တင်ဝေဖန်ခဲ့ပြီး မီဒီယာ စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် CPJ ကလည်း BBC မှတ်တမ်းရုပ်ရှင်ကို လူမှုကွန်ယက် ပလက်ဖောင်းပေါ်ကနေတဆင့် ပိတ်ပင်ခြင်းသည် ဒီမိုကရေစီ စံချိန်စံညွှန်းများကို ဆန့်ကျင်ရာရောက်ပြီး လွတ်လပ်သည့် စာနယ်ဇင်းများကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောဆိုလိုက်သည်။

RSF ခေါ် နယ်စည်းမခြား သတင်းသမားများအဖွဲ့၏ ကမ္ဘာ့မီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းတွင်လည်း အိန္ဒိယ၏သတင်းလွတ်လပ်ခွင့်မှာ ၂၀၂၁ ခုနှစ်က အဆင့် ၁၄၂ နေရာကနေ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်တွင် အဆင့် ၁၅ဝ ကို ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်ကိုတွေ့ရသည်။

Credit VOA

အိန္ဒိယနိုင်ငံတွင်းရှိ BBC သတင်းဌာနရုံးခွဲများ ဝင်ရောက် ရှာဖွေခံရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ