Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယနိုင်ငံက လွှတ်တင်လိုက်သည့် ဒုံးပျံကြီး လမျက်နှာပြင်ရှိ အသေးငယ်ဆုံးတောင်ဝင်ရိုးစွန်းအထိ ဆင်းသက်မည်

ABN-ရာဟု

ဇူလိုင် ၁၅ ရက်

အိန္ဒိယက အရှေ့ပိုင်း အန်ဒရာပရာဒက်ရှ် အာကာသစင်တာကနေ လဆင်းယာဉ်၊ လပေါ် သွားယာဉ်တို့ကို သယ်ဆောင်ထားသည့် ဒုံးပျံကြီးကို ဇူလိုင် ၁၄ ရက် နေ့က လွှင့်တင်လိုက်ပြီး ၄င်းဒုံးပျံကြီးသည် လမျက်နှာပြင်ရှိ သေးငယ်သည့် တောင်ဝင်ရိုးစွန်းပေါ် အထိဆင်းသက်လေ့လာမည်ဟု သိရသည်။

ယခုလွှတ်တင်လိုက်သည့် အာကာသယာဉ်ကို Chandrayaan-3 ဟုနာမည်ပေးထားပြီး ဘန်ဂလိုရီမြို့ရှိ Nehru နက္ခတ်တာရာပြခန်းရှိ ဖန်သားပြင်ကြီးတွင် မြင်နေရသည့် တိုက်ရိုက်ပြသနေမှုကို အိန္ဒိယပြည်သူသန်းပေါင်းများစွာ ကြည့်ရှုခဲ့ကြပြီး ၎င်းအာကာသယာဥ်မှာ သြဂုတ် ၂၃ ရက်နှင့် ၂၄ ရက်မှာ လမျက်နှာပြင်ပေါ်ကို ဆင်းသက်မည်ဖြစ်ကြောင်း သိရသည်။

လာမည့် သြဂုတ်လအတွင်းမှာ လမျက်နှာပြင်ပေါ် သို့ အိန္ဒိယအာကာသယာဥ် Chandrayaan-3 အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့လျှင် စူးစမ်းလေ့လာမှု အနည်းငယ်သာလုပ်ဖူးသည့် လကမ္ဘာပေါ်ရှိ တောင်ဝင်ရိုးစွန်းအနီးကို ပထမဆုံးဆင်းသက်နိုင်သည့် နိုင်ငံတစ်ခု ဖြစ်လာမည်ဟု သိရှိရသည်။

“Chandrayaan-3ဟာ အိန္ဒိယနိုင်ငံ အာကာသလေ့လာဆန်းစစ်မှု ခရီးရှည်ကြီးရဲ့ သမိုင်းစာမျက်နှာသစ်ဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံသားတွေရဲ့ အိပ်မက် ရည်မှန်းချက်တွေနဲ့အတူ အမြင့်ဆုံးကို ပျံတက်သွားတာပါပဲ” ဟုအိန္ဒိယဝန်ကြီးချုပ် မိုဒီက သူ့၏တွယ်တာစာမျက်နှာတွင် ရေးသားထားသည်။

အိန္ဒိယနိုင်ငံက လွှတ်တင်လိုက်သည့် အာကာသခရီးစဉ် အောင်မြင်ခဲ့ပါက အမေရိကန်၊ ဆိုဗီယက် ယူနီယံ နှင့် တရုတ်နိုင်ငံတို့ ပြီးလျှင် လပေါ်ကို ဆင်းသက်နိုင်သည့် စတုတ္ထမြောက် နိုင်ငံဖြစ်လာမည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ