
ABN-ရှိုင်းမိုး
အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်ခံရလူ ၇၁၇၈ ဦးကို ထပ်တွေ့ခဲ့ပြီး၊ ကိုဗစ်ကြောင့် ၁၆ ယောက် ထပ်မံသေဆုံးသွားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်သည်။
အိန္ဒိယ၏ ကိုဗစ်ဖြစ်ပွားမှုမှာ ပြန်လည်မြင့်တက်လာပြီး၊ ပြီးခဲ့သည့် တစ်ပတ်အတွင်း နိုင်ငံတဝန်းဖြစ်ပွားမှုပမာဏမှာ လွန်ခဲ့သည့် တလကျော်ကထက် ၂၀ ရာခိုင်နှုန်း မြင့်မားလာကြောင်း တွေ့ရသည်။
ပြီးခဲ့သည့် သောကြာနေ့ကလည်း ကိုဗစ်ကူးစက်ခံရလူဦးရေပေါင်း ၁၂၀၀၀ ကျော်ရှိခဲ့ပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၄၀ အထိ မြင့်တက်ခဲ့သည်။
အလားတူ ယခုအပတ် တနင်္ဂနွေနေ့မှစ၍ နိုင်ငံတဝန်းတွင် ကိုဗစ်ကူးစက်ခံရလူပေါင်း ၁၀၁၁၂ ယောက်ကို ထပ်တွေ့ခဲ့သည်။
Source-Times of India