Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယတွင် မြန်မာ့အရေးဆွေးနွေးပွဲ ကျင်းပ

အိန္ဒိယတွင် မြန်မာ့အရေးဆွေးနွေးပွဲ ကျင်းပ

ABN-ရှိုင်းမိုး

မြန်မာပြည်တွင် အကြမ်းဖက်မှုများပြားလာနေသောကြောင့် Track 1.5 ဆွေးနွေးပွဲကို အိန္ဒိယကောင်စီ (ICWA) ၏ ပံ့ပိုးမှုဖြင့်ဧပြီ ၂၅ ရက်နေ့ ​က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပခဲ့သည်။

ထိုအစည်းအဝေးတွင် မြန်မာပြည်၏လက်ရှိအခြေအနေများကိုစီမံရေး ၊ အကြမ်းဖက်မှုလျှော့ချရေး ၊နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများနှိမ်နင်းရေး ၊ အမျိုးသား ပြန်လည်အဆင်​ပြေစေရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရေးစသည့် အရေးများကို ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

မြန်မာပြည်သို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရာ၌အဟုန်မြှင့်တင်ရန် လိုအပ်နေကြောင်း အာဆီယံဥက္ကဋ္ဌအင်ဒိုနီးရှား အပါအဝင် နိုင်ငံများက သဘောတူခဲ့ကြသည်။

အထူးသဖြင့်အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက ထိရောက်စွာ အကောင်အထည် ဖော်​ဆောင်ဖို့ နည်းလမ်းများ ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ဒေသတွင်းနိုင်ငံများမှ အာဆီယံ၏ ကြိုးပမ်းချက်များကို ဆက်လက်ထောက်ခံပေးရန်လိုအပ်ပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကိုနှိမ်နင်းနိုင်ရန် မြန်မာအပါအဝင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု လိုအပ်နေကြောင်း အစည်းအဝေးတွင် ပြောသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးက ” တွေ့ ဆုံဆွေးနွေးအဖြေရှာရေးလမ်းကြောင်း” ကိုအပြိုင်ထားဖို့ သဘောတူခဲ့ကြသည်။

ယခုဆွေးနွေးပွဲသို့ နိုင်ငံအသီးသီးမှ ပြင်ပအကြံပေးအဖွဲ့များ၊ ပညာရှင်များ တက်ရောက်ခဲ့ပြီး မြန်မာပြည်မှ ဘက်ပေါင်းစုံ အကြမ်းဖက်မှုများကိုလျှော့ချရန်နှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ကြရန် တောင်းဆိုခဲ့ကြသည်။

အစည်းအဝေးတွင် မြန်မာဖက်က စစ်ကောင်စီ၏ အရပ်ဖက်အရာရှိများ တက်ရောက်ပြီး အိန္ဒိယဖက်ကတော့နိုင်ငံခြားရေး ဝန်ကြီးဌာနဆိုင်ရာ မြန်မာဌာနခွဲနှင့်မြန်မာ့အရေး ကျွမ်းကျင်သူများ တက်ရောက်ခဲ့သည်။

မြန်မာ့နိုင်ငံရေးပဋိပက္ခကြောင့် အိန္ဒိယသည် နိုင်ငံ၏ အရှေ့မြောက်ပိုင်း မဏိပူရ၊ မီဂါလေနှင့် မီဇိုရမ်ပြည်နယ်များ၌ လုံခြုံရေး ဆိုင်ရာခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်နေရသော်လည်း စစ်ကောင်စီနှင့် နှစ်နိုင်ငံအကြားဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားမည်ဟု ဆိုသည်။

အိန္ဒိယသည်မြန်မာဖက်မှ တော်လှန် ရေးလက်နက်ကိုင်များ အန္ဒိယပိုင်နက်ထဲသို့ဝင်မလာအောင် အဟုန်မြှင့်ကာကွယ်မည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံမှ ဒုတိယဗိုလ်ချုပ်ကြီး ကာလီတာကတော့ “မြန်မာပြည်နယ်စပ်ဒေသများတွင် တိုက်ပွဲဖြစ်ပွားနေချိန်၊ ပြည်သူတွေ စစ်ရေးပဋိပက္ခကို ရှောင်ရှားဖို့လိုအပ်ကြတယ်၊ ဒါကြောင့် အိန္ဒိယဖက်အခြမ်းကို မြန်မာပြည်သူများ ရောက်လာကြပါတယ်၊ ဒါပေမယ့် ဒီဖက်ကိုဝင်လာတဲ့သူတွေထဲမှာ လက်နက်ကိုင်တွေပါတယ်ဆိုရင် ခွင့်မပြုပါဘူး၊ လက်နက်ကိုင်မဟုတ်ဘူးဆိုရင်ခွင့်ပြုပါတယ်၊ ကျွန်​တော်တို့ အိန္ဒိယပိုင်နက်ထဲကို ဘယ်လက်နက်ကိုင်ကိုမှ မဝင်ရ” ဟု ပြောခဲ့သည်။

၂၀၁၉ ခုနှစ်မှာ မြန်မာစစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နားလည်မှုစာလွှာကို နှစ်နိုင်ငံအကြား လက်မှတ်ရေး ထိုးခဲ့ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ