Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယတွင် ဘုရားကျောင်းတစ်ခု ပြိုကျရာမှ ရေတွင်းထဲပြုတ်ကျပြီး ဝတ်ပြုနေသူ ၃၅ ဦး သေဆုံး

အိန္ဒိယတွင် ဘုရားကျောင်းတစ်ခု ပြိုကျရာမှ ရေတွင်းထဲပြုတ်ကျပြီး ဝတ်ပြုနေသူ ၃၅ ဦး သေဆုံး

ABN-နွယ်စိုး

အိန္ဒိယနိုင်ငံရှိ မဒ္ဒယာပရာဒက်ရှ်ပြည်နယ်အလယ်ပိုင်းတွင် ကြာသပတေးနေ့က Indore ရှိ ဟိန္ဒူဘာသာဝင်များ အများဆုံးကိုးကွယ်သည့် ဟိန္ဒူနတ်ဘုရားကျောင်းတစ်ခု၌ ရာမနတ်ဘုရားအတွက် ပွဲတော်တစ်ခုပြုလုပ်နေသည့် ဘုရားဝတ်ပြုနေသူအများအပြားမှာ ဘုရားကျောင်းပြိုကျ၍ အနီးအနားရှိ ရေတွင်းထဲပြုတ်ကျခဲ့ကာ သေဆုံးသူ ၃၅ ဦး တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါပြိုကျခြင်းအကြောင်းရင်းနှင့်ပတ်သက်၍ ပြည်နယ် ရွေးကောက်ခံ အရာရှိ Shivraj Singh Chouhanက ထိုဘုရားကျောင်းသည် လူအုပ်ကြီး၏ အလေးချိန်ကို ခံနိုင်ရည်မရှိသောကြောင့် အဆောက်အအုံပြိုကျခဲ့ရပုံဖြစ်ပြီး အဆိုပါ ပြိုကျမှုနှင့်ပတ်သက်လို့ စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၈ ဦးကို ကယ်ဆယ်နိုင်ခဲ့၍ ‌ဆေးရုံတင်ထားကြောင်းကိုလည်း ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားသည့်နေရာတွင် ကယ်ဆယ်ရေးသမားများက ရေတွင်းထဲမှ ရေများကို စုပ်ယူနေကြပြီး ထိုနေရာတွင် ပိတ်မိနေသေးသော လူများကို ရှာဖွေနေကြောင်း ‌ဒေသ သတင်းများက ဆိုသည်။

၄င်းအပြင် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလအတွင်းကလည်း အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်က နှစ်တစ်ရာသက်တမ်းရှိ ကေဘယ်ကြိုးတံတား မြစ်ထဲသို့ ပြိုကျခဲ့ရာ အနည်းဆုံးလူ ၁၃၂ ဦး ရေထဲပြုတ်ကျ၍ သေဆုံးခဲ့ပြီး ယာဥ်တိုက်မှုများသည့်နှစ်များထဲက အဆိုးဝါးဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
UNESCO အသိအမှတ်ပြုခံရဖို့ ကြိုးစားနေရဆဲ မြောက်ဦးမြို့ဟောင်းရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးတော်တွေကို မိုးရာသီ ရေညှိစိမ်းစိမ်းစိုစိုဖြင့် လှပနေတဲ့ ဓာတ်ပုံမြင်ကွင်းများဖြစ်ပါတယ်။
မုန်တိုင်းကြောင့် မဟာမုနိဘုရားတွင် စိန်ပွင့်ငယ်တစ်ပွင့် ပျောက်ဆုံးနေပြီး၊ ပြိုကျသွားသည့် ကျောက်စိမ်းတုံးထားရှိသည့် အဆောင်ငယ်ကို မြောက်ဦးဆရာတော်မှဦးဆောင် ပြုပြင်သွားမည်ဟုသိရ