Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယတွင် ကြိုးတံတားပြိုကျပြီး လူ ၆၀ ထက်မနည်းသေဆုံးပြီး ၁၀၀ ရာကျော် မြစ်ထဲပြုတ်ကျ

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် မကြာသေးမီကပြန်လည်ပြုပြင်ထားသည့် ကြိုးတံတားပြိုကျပြီး လူ ၆၀ ထက်မနည်းသေဆုံးကာ လူ ၁၀၀ ရာကျော် မြစ်ထဲပြုတ်ကျသွားကြောင်း အိန္ဒိယသတင်းစာများအရ သိရသည်။

တံတားပျက်ကျချိန်တွင် ခန့်မှန်း လူဦးရေ ၄၀၀ လောက်ရှိနိုင်ကြောင်း အိန္ဒိယ ဒေသ သတင်းများကဆိုသည်။

တံတားပျက်ကျချိန်တွင် တံတား၌ တွဲလောင်းခိုကျန်နေသည့် သူများသာ အသက်ရှင် ကျန်ရစ်သည်ကို မှတ်တမ်း ရုပ်သံဖိုင်အရ သိရသည်။

ထိုတံတားမှာပေ ၇၅၀ ကျော်ရှည်ပြီး ဗြတိသျှတို့ ၁၉ ရာစုက အိန္ဒိယကို အုပ်စိုးခဲ့စဥ်က တည်ဆောက်ခဲ့သည့် တံတားဖြစ်ပြီး နိုင်ငံခြားခရီးသွားများကိုလည်း အဓိက ဆွဲဆောင်သော နေရာတစ်ခု ဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲ့များမှာ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက်ရှိပြီး သေဆုံးသူ ဦးရေ ယခုထက် ပိုမိုများပြာလာနိုင်ကြောင်း ခန့်မှန်းနေကြသည်။

ယမန်နေ့ အောက်တိုဘာ ၂၉ ရက်နေ့ညကလည်း တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ဟိုလိုးဝင်းပွဲတော်အတွင်း လူပိပြီး လူဦးရေ ၁၄၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများစွာ ရှိခဲ့သည်။

အိန္ဒိယတွင် ကြိုးတံတားပြိုကျပြီး လူ ၆၀ ထက်မနည်းသေဆုံးပြီး ၁၀၀ ရာကျော် မြစ်ထဲပြုတ်ကျ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ