Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယစစ်တပ် ဂျက်ဖိုက်တာနှစ်စီး တိုက်မိပြီး လေယာဉ်မှူးတစ်ဦး ဒဏ်ရာရ

ABN – သူရမောင်

မြို့တော် နယူးဒေလီအထက် အမြင့်ပေ ကီလိုမီတာ ၃၀၀ အကွာတွင် စစ်ရေးလေ့ကျင့်နေသည့် အိန္ဒိယ ဂျက်ဖိုက်တာ ၂ စီး ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် တိုက်မိသဖြင့် လေယာဉ်မှူးတစ်ဦး ဒဏ်ရာရရှိသွားကြောင်း ရဲတစ်ဦးမှ AFP ကို ပြောသည်။

“ပျက်ကျသွားတဲ့ လေယာဉ်တစ်စီးရဲ့ အပျက်အစီးတွေကို ကျွန်တော်တို့ ခြေရာခံမိခဲ့ပါတယ်၊ ပြီးတော့ ဒဏ်ရာရသွားတဲ့ လေယာဉ်မှူးကိုလည်း ပါဟက်ဂရာ သစ်တောထဲမှာ တွေ့ခဲ့ပါတယ်၊ နောက်တစ်စီးကတော့ ဖြစ်တဲ့နေရာနဲ့ တော်တော့်ကို အဝေးသို့ရောက်သွားတာပါ၊ အဲဒီနေရာကိုလည်း ကျွန်တော်တို့အဖွဲ့တွေ လွှတ်ထားပြီးပါပြီ” ဟု အရာရှိ Dharmender Gaurက AFPကို ပြောသည်။

ထိုသို့ ပျက်ကျမှုသည် အိန္ဒိယလေကြောင်း တပ်ဖွဲ့တွင် ဖြစ်ခဲ့ဖူးသည့် မတော်တဆမှုများအထဲမှ အိန္ဒိယစစ်တပ်၏ နောက်ဆုံး အကြိမ်လည်းဖြစ်သည်။

နိုင်ငံတော်စစ်တပ်အနီးရှိ Arunachal Pradeshတွင် အောက်တိုဘာလက ဟက်လီကော်ပတာ ပျက်ကျမှုကြောင့် အိန္ဒိယစစ်သား ၅ ဦးသေဆုံးခဲ့ရပြီး တရုတ်နှင့် နယ်စပ်ပြဿနာအငြင်းပွားခဲ့စဉ်ကလည်း အသေအပျောက်များစွာ ရှိခဲ့သည်။

Tawangမြို့အနီးတွင် Cheetah ရဟတ်ယာဉ်တစ်စီး ထိုးကျခဲ့ပြီး လေယာဉ်မှူးသေသွားခဲ့သည့်ဖြစ်ရပ်ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာ ဒေသတွင်း ဒုတိယအကြိမ်မြောက် စစ်လေယာဉ် ပျက်ကျမှုဖြစ်သည်။

အိန္ဒိယ၏ ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawatမှာ ရုရှားလုပ် Mi-17 ရဟတ်ယာဉ်ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက လေတပ်အခြေစိုက်စခန်းသို့ သွားရောက်စဉ် လေယာဉ်ပျက်ကျမှုတွင် ပါဝင်ခဲ့သည့် လူ ၁၃ ဦးထဲမှ တစ်ဦးဖြစ်သည်။

အိန္ဒိယစစ်တပ် ဂျက်ဖိုက်တာနှစ်စီး တိုက်မိပြီး လေယာဉ်မှူးတစ်ဦး ဒဏ်ရာရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ