Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယခေါင်းဆောင် မိုဒီနှင့် အမေရိကန်သမ္မတ Joe Biden တို့နှစ်ဦး အိမ်ဖြူတော်၌ တွေ့ဆုံ

အိန္ဒိယခေါင်းဆောင် မိုဒီနှင့် အမေရိကန်သမ္မတ Joe Biden တို့နှစ်ဦး အိမ်ဖြူတော်၌ တွေ့ဆုံ

ABN-နွယ်စိုး

ဇွန် ၂၃ ရက်

အမေရိကန်နှင့်အိန္ဒိယ ၂ နိုင်ငံ မိတ်ဆွေအဖြစ်အနေဖြင့် ခိုင်မာအောင် ကြိုးစားသွားမည် ဖြစ်ကြောင်း ကြာသပတေးနေ့ သမ္မတအိမ်ဖြူတော်၌ သမ္မတ Joe Biden နှင့် တွေ့ဆုံအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ပြောကြားခဲ့သည်။

“ဒီကနေ့ဟာ အိန္ဒိယ- အမေရိကန် ဆက်ဆံရေးသမိုင်းမှာ အထူးအရေးပါတဲ့ နေ့တနေ့ ဖြစ်ပါတယ်၊ ဒီကနေ့ ကျနော်တို့ ၂ ဦး ရဲ့ ဆွေးနွေးမှုတွေနဲ့ ချမှတ်ခဲ့တဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေဟာ ကျနော်တို့ရဲ့ ကမ္ဘာတလွှား မဟာဗျူဟာကျ မိတ်ဖက်ဖြစ်မှုမှာ စာမျက်နှာသစ် ဖွင့်လိုက်တာ ဖြစ်ပါတယ်။

သမ္မတ Biden ကလည်း အမေရိကန်နှင့် အိန္ဒိယတို့သည် လူသားတိုင်း၏ ကြိုးပမ်းအားထုတ်မှုတိုင်းအတွက် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရုရှားနှင့် မပြေလည်ချိန် ဖြစ်သလို တရုတ်နှင့် တင်းမာမှုများ တိုးနေချိန်တွင် အမေရိကန်က ရှားရှားပါးပါး အိန္ဒိယ ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ခေါင်းဆောင် ၂ ဦးသည် ကျန်းမာရေးဆန်းစစ်မှု ဆိုင်ရာ နည်းပညာ၊ အာကာသစူးစမ်းရေး၊ သန့်ရှင်းစွမ်းအင် ပြောင်းလဲ သုံးစွဲမှုနှင့် ဥတုရာသီဆိုင်ရာ အရေး အပါအဝင် အရေးပါသည် အခန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သမ္မတ Joe Biden က ပြောကြားခဲ့သည်။

ထိုအပြင် အမေရိကန်နှင့် အိန္ဒိယ ၂ နိုင်ငံပူးပေါင်းပြီး ကွမ်တမ် ကွန်ပြူတာ အပြင် ဉာဏ်ရည်တု AI နည်းပညာဆိုင်ရာလို နောက်ဆုံးပေါ် နည်းပညာများနှင့် ပတ်သက်ပြီး ကျွမ်းကျင်မှု ဆိုင်ရာ မျှဝေမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ်သည် ကြာသပတေးနေ့ ညနေပိုင်းတွင် အမေရိကန်ကွန်ဂရက်လွှတ်တော်၌ မိန့်ခွန်းပြောကြားခဲ့သည်။

ထို့အပြင် အိန္ဒိယဝန်ကြီးချုပ် Narendra Modi အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် မတွေ့ဆုံမီ ဇွန်လ ၂၀ ရက် နေ့က နယူးယောက်မြို့တွင် Tesla ကုမ္ပဏီပိုင်ရှင် အီလွန်မတ်စ် (Elon Musk) နှင့် တွေ့ဆုံခဲ့သည်။

နိုင်ငံတော်ခရီးစဉ်နှင့် လာရောက်သည့် ဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံမှုအတွင်း အိန္ဒိယနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုကြီးများ လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်းနှင့် Starlink ဂြိုဟ်တုအင်တာနက်ဆက်သွယ်ရေးကိုလည်း အိန္ဒိယတွင် လုပ်ဆောင်နိုင်ရန် မျှော်လင့်ထားကြောင်း အီလွန်မတ်စ် က ပြောဆိုခဲ့သည်။

အမေရိကန်နှင့် တရုတ် တင်းမာမှုများ ရှိနေမှုကြောင့် အမေရိကန်ကုမ္ပဏီများအနေနှင့် ထုတ်လုပ်ရေးပိုင်းတွင် တရုတ်အပေါ် အားထားမှု လျှော့ချင်နေခြင်းလည်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ