Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အားပြင်းသည့် နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အမေရိကန်တွင် သေဆုံးသူ ၃၀ ကျော်ရှိ

အမေရိကန်နိုင်ငံတွင် ယမန်နေ့ ဒီဇင်ဘာ ၂၅ ရက်နေ့ ခရစ္စမတ်နေ့က အားပြင်းသည့် နှင်းမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ၃၀ကျော်ရှိခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တွင် နှင်းမုန်တိုင်းဒဏ်အဆိုးဆုံးခံနေရသည့် ဒေသဖြစ်သည့်အတွက် ပြည်နယ်အုပ်ချုပ်ရေးမှူး Kathy Hochulက မလိုအပ်လျှင် အိမ်အပြင်မထွက်ကြရန် သတိပေးထားသည်။

ထိုပြင်းထန်သည့် နှင်းမုန်တိုင်းဒဏ်ကို ကနေဒါနိုင်ငံ နယ်စပ် Great Lakesအထိ ကြုံတွေ့နေရခြင်းဖြစ်သည်။ ထို့အပြင် အမေရိကန် ပြည်ထောင်စု၏ လူဦးရေ ၆၀ ရာနှုန်းမှာလည်း နှင်းမုန်တိုင်းအန္တရာယ် သတိပေးချက်အမျိုးမျိုးနှင့် ရင်ဆိုင်နေကြရသည်။

နယူယောက်ပြည်နယ်၏ မြောက်ပိုင်း Buffaloမြို့တွင် ဟာရီကိန်းမုန်တိုင်းကဲ့သို လေပြင်းတိုက်ခတ်မှုနှင့် ဆီးနှင်းခဲများ ဖုံးလွှမ်းနေသည့်အတွက်ကြောင့် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများမှာလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။ ကူညီကယ်ဆယ်ရေးသမားများအချိန်မီမသွားရောက်နိုင်သည့်အတွက်ကြောင့် သေဆုံးသူတစ်ချို့လည်း ရှိနေပါသည်။

Buffalo Niagara နိုင်ငံတကာလေဆိပ်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ဆီးနှင်းထု ၄ ပေကျော်ခန့် ကျခဲ့ကြောင်း အမျိုးသားမိုးလေဝါသဌာနက သတင်းထုတ်ပြန်ခဲ့သည်။ လေယာဉ်ခရီးစဉ် အချက်အလက်များ စောင့်ကြည့်ပေးနေသည့် Flight Aware ဝတ်ဘ်ဆိုဒ်၏ တနင်္ဂနွေနေ့ မွန်းလွှဲပိုင်းအထိ ထုတ်ပြန်ချက်အရ အမေရိကန် ပြည်တွင်းနှင့် နိုင်ငံတကာလေယာဉ်ခရီးစဉ်ပေါင်း ၁၇၀၀ ကျော်ကိုလည်း ဖျက်သိမ်းထားရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ