Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာဖဂန်နစ္စတန်တွင် အမျိုးသမီးများအား တက္ကသိုလ်ပညာရေး သင်ကြားခွင့်ကို တာလီဘန်ပိတ်ပင်

အာဖဂန်နစ္စတန်တွင် အမျိုးသမီးများအား အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားခွင့်များကို ပိတ်ပင်လိုက်ကြောင်း တာလီဘန်များက အင်္ဂါနေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။

တာလီဘန်ဝန်ကြီးများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ တက္ကသိုလ်အားလုံးနှင့် ကောလိပ်ကျောင်းများကို အကြောင်းကြားထားပြီးဖြစ်ကြောင်းနှင့် နောက်ထပ် အကြောင်းတစ်စုံတစ်ရာ ထုတ်ပြန်ချက်မလုပ်မချင်း ထုတ်ပြန်ထားသည့် အမိန့်အတိုင်း လိုက်နာရမည်ဖြစ်ကြောင်း တာလီဘန် ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hafiz Zia Hashamiက ပြောကြားလိုက်သည်။

ယခုကဲ့သို့ အမျိုးသမီးများအပေါ် ကျောင်းတက်ခွင့် ကန့်သတ်ပိတ်ပင်လိုက်သည့်အတွက် ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာက ကန့်ကွက်ရှုတ်ချလိုက်ပါသည်။

မိန်းခလေးတွေကို တက္ကသိုလ်တက်ခွင့် ပိတ်ပင်တဲ့ တာလီဘန်တွေရဲ့ တရားမျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်အပေါ် အမေရိကန်ပြည်ထောင်စုက အပြင်းထန်ဆုံး ရှုတ်ချပါတယ်။ အရင်ကလည်း မိန်းခလေးတွေကို အတန်းပညာသင်ခွင့်ပိတ်ပင်ခဲ့ပြီး အခုလည်း မိန်းခလေးနဲ့အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံအခွင့်အရေးတွေကို ဆက်လက်ပိတ်ပင်တားမြစ်လိုက်တာ ဖြစ်တယ် လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ နက်ထ်ပရစ်က ပြောသည်။

အမျိုးသမီးနှင့် မိန်းခလေးများ၏ အခြေခံလူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို မလေးစားသရွေ့ တလီဘန်များကို နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံမည်မဟုတ်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ဒုတိယသံအမတ်ကြီး ရောဘတ်ထ်ဝူးဒ်ကလည်း ကြော်ငြာချက် ထုတ်ပြန်ပြောဆိုလိုက်ပါသည်။

နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် HRW ကလည်း တာလီဘန်တို့၏ ဆုံးဖြတ်ချက်မှာ အလွန်ပင်ရှက်စရာကောင်းသည့် ဆုံးဖြတ်ချက်ဖြစ်ပြီး၊ အာဖဂန်က မိန်းခလေးနှင့် အမျိုးသမီးတို့၏ ပညာသင်ကြားခွင့်ဆိုသည့် အခြေခံအခွင့်အရေးကို ချိုးဖောက်နေသည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

အာဖဂန်နစ္စတန်တွင် အမျိုးသမီးများအား တက္ကသိုလ်ပညာရေး သင်ကြားခွင့်ကို တာလီဘန်ပိတ်ပင်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ