Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာဖဂန်တွင် တစ်ခုတည်းသော အမျိုးသမီးအသံလွှင့်ဌာန ပြန်လည်လုပ်ကိုင်ခွင့်ရ

အာဖဂန်တွင် တစ်ခုတည်းသော အမျိုးသမီးအသံလွှင့်ဌာန ပြန်လည်လုပ်ကိုင်ခွင့်ရ

ABN-ရာဟု

အာဖဂန်နစ္စတန်နိုင်ငံရှိ တစ်ခုတည်းသာရှိသော အမျိုးသမီးအသံလွှင့်ရေဒီယို သတင်းဌာနကို တာလီဘန်အစိုးရက ပြန်လည်လုပ်ကိုင်ခွင့်ပေးလိုက်ကြောင်းသိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း ဘဒါရှန်ပြည်နယ်မှာ အမျိုးသမီးများဦးစီးလုပ်ကိုင်နေသည့် “ဆာဒိုင်းဘာနာဝပ် အမျိုးသမီးအသံ” ရေဒီယိုအသံလွှင့်ဌာနကို မူဆလင် ဝါတွင်းဥပုသ်ကာလမှာ သီချင်းများထုတ်လွှင့်ခဲ့မှုဖြင့် တာလီဘန်အာဏာပိုင်များက ရေဒီယိုအစီအစဥ်က်ို တစ်ပတ်ကြာအောင် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

တာလီဘန်များက ပြဌာန်းထားသည့် ဥပဒေနှင့်စည်းမျဥ်းစည်းကမ်းများကို လိုက်နာကာ မည်သည့်တေးဂီတမျိုးကိုမဆို ထုတ်လွှင့်ခြင်း မပြုလုပ်ရန် သဘောတူညီခဲ့သည့်အတွက် အသံလွှင့်ဌာနကို ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့သည်ဟု ဘဒါရှန်ပြည်နယ် ပြန်ကြားရေးနှင့် ယဥ်ကျေးမှုဒါရိုက်တာ မူအူဇင် အာမက်ဒီက ပြောဆိုသည်။

ရေဒီယိုအသံလွှင့်သတင်းဌာနမှာ နှစ်ပေါင် ၁၀နှစ်ကျော် သက်တမ်းရှိကာ အာဖဂန်နစ္စတန်နိုင်ငံရှိ တစ်ခုတည်းသောအမျိုးသမီးအသံလွှင့်ဌာနတစ်ခုဖြစ်သည်။ ထိုဌာနတွင် စုစုပေါင်းဝန်ထမ်း ၈ဦးရှိသည့်အနက် ၆ဦးမှာ အမျိုးသမီးများဖြစ်သည်ဟု သိရသည်။

နိုင်ငံအတွင်း သတင်းသမားအများအပြားအလုပ်လက်မဲ့ဖြစ်ကာ နိုင်ငံခြားက်ို ထွက်သွားရသည့်အတွက် မီဒီယာတိုက်အချို့ကိုပိတ်ထားရကြောင်း အာဖဂန်လွတ်လပ်သည့်သတင်းထောက်များအသင်းက ပြောသည်။

အာဖဂန်နစ္စတန်နိုင်ငံကို ၂၀၂၁ခုနှစ်က တာလီဘန်များ တကျော့ပြန် သိမ်းပိုက်ပြီးနောက်တွင် အမျိုးသမီးများကို အလုပ်အကိုင်အများစုတွင် ပိတ်ပင်ထားပြီး တက္ကသိုလ်များအပါအဝင် ဆဋ္ဌမတန်းအထက်ကို ပညာသင်ကြားခွင့်များကိုပါ ပိတ်ပင်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ