သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာဏာသိမ်းမှု ၅ နှစ်အတွင်း ပြည်သူများ ဆိုးရွာစွာရင်ဆိုင်ခဲ့ရကြောင်း UK သံရုံးပြော



‎AB News – ဖေဖော်ဝါရီ ၁၊ ၂၀၂၆

‎စစ်ကော်မရှင်က စစ်အာဏာသိမ်းမှု ၅ နှစ်အတွင်း နိုင်ငံတစ်ဝန်း ပြည်သူများ ဆိုးရွားသည့် အကြပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရကြောင်း မြန်မာအခြေစိုက် UK သံရုံးက ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

‎ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတရားအာဏာသိမ်းမှုသည် ယနေ့တွင် ၅ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။

‎စစ်ကော်မရှင်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီအစိုးရကို ဖြုတ်ချကာ ပြည်သူ့ဆန္ဒနှင့် နိုင်ငံရေးလွတ်လပ်ခွင့်ကို မျက်ကွယ်ပြုခဲ့ကြောင်း ဆိုသည်။

‎စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ ကလေးငယ်စုစုပေါင်း တစ်ဝက်ခန့်မှာ ပညာသင်ခွင့်ဆုံးရှုံးနေခဲ့ရပြီး မိန်းကလေးငယ်များနှင့် အမျိုးသမီးများမှာလည်း အကြမ်းဖက်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။

‎စစ်ကော်မရှင်ပြုလုပ်သည့် ရွေးကောက်ပွဲမှာ လွတ်လပ်မှုမရှိသည့်အပြင် တရားမျှတမှုလည်း မရှိကြောင်း ဆိုသည်။

‎အရပ်သားပြည်သူများကို ကာကွယ်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများကို တောင်းဆိုထားပြီး ပြည်သူများနှင့် တစ်သားတည်း ရပ်တည်မည်ဖြစ်ကြောင်း UK သုံရုံးက ပြောသည်။

‎#စစ်ကော်မရှင် #မတရားအာဏာသိမ်းမှု #ပြည်သူ #၅နှစ်ပြည့်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ