Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အရှေ့အာဖရိကတိုက်ကျွန်းဆွယ်မှာ ရာသီဥတုပြောင်းလဲမှုနှင့် ပဋိပက္ခများကြောင့် လူသန်းချီ အငတ်ဘေးကြုံနေရသည်ဟု ကုလသတိပေး

ABN-ရာဟု

ဇွန် ၂၇ ရက်

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့် နိုင်ငံရေးပဋိပက္ခများအပါအဝင် ကပ်ဘေးဒဏ်များ ကြုံတွေ့နေရသည့် အာဖရိကဦးချိုဒေသ ဟု တင်စားခေါ်ဝေါသည့် အရှေ့မြောက်အာဖရိကနှင့် ဆိုမာလီယာကျွန်းဆွယ် အပါအဝင် အရှေ့အာဖရိက ကျွန်းဆွယ်ဒေသရှိ ပြည်သူသန်းချီ အငတ်ဘေးကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂက သတိပေးပြောကြားထားသည်။

အရှေ့အာဖရိကဒေသနိုင်ငံများဖြစ်သည့် ဂျီဘူတီ၊ အီသီယိုပီးယား၊ ကင်ညာ၊ ဆိုမာလီယာ၊ တောင်ဆူဒန်၊ ဆူဒန်နဲ့ ယူဂန်ဒါ နိုင်ငံများမှာ အရင်ကထက် တစ်ခါမှ မတွေ့ကြုံဖူးသည့် အခြေအနေမျိုး နှင့် စားနပ်ရိက္ခာများ ရှားပါးကာ ပြည်သူ သန်း ၆၀ နီးပါး လုံလောက်သည့် အစာအာဟာရ မရရှိဘဲ ဖြစ်နေကြရသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကထုတ်ပြန်ထားသည်။

နိုင်ငံရေးပဋိပက္ခများကြောင့် အီသီယိုပီးယား၊ ဆိုမာလီယာနှင့် ဆူဒန် နိုင်ငံများက ပြည်သူ ၁သန်းကျော် ဒုက္ခသည်များအဖြစ် နေအိမ်များကို စွန့်ခွာထွက်ပြေးနေကြရသလို စစ်ပွဲများကြောင့် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအပါအဝင် စုစုပေါင်းလူ ၄ သန်းခန့် အစာအာဟာရ လုံလောက်စွာမရရှိဘဲဖြစ်နေပြီး အသက် ၅ အောက် ကလေး၁သိန်းကျော် အာဟာရချို့တဲ့မှု ဒဏ်ကြောင့် ကျန်းမာရေးပြဿနာများကို ရင်ဆိုင်နေရသည်ဟု WHO ဒေသဆိုင်ရာ အရာရှိ Liesbeth Aelbrecht က ပြောဆိုလိုက်သည်။

ရုရှား-ယူကရိန်း စစ်ပွဲကြောင့် ကမ္ဘာ့စားနပ်ရိက္ခာရှားပါးမှုဒဏ်ကို အရှေ့အာဖရိကနိုင်ငံများလည်း ခံစားနေရပြီး ကောက်ပဲသီးနှံများကို ဖျက်ဆီးသည့် ကန္တာရကျိုင်းကောင်ပိုးများ၏ ဖျက်ဆီးမှု ဒဏ်ကို အာဖရိကနိုင်ငံများထဲတွင် ရင်ဆိုင်နေကြရကာ အသက်ရှင်သန်နိုင်ရေး အတွက် မိသားစုများက တိရစ္ဆာန်များကို ရောင်းချခြင်းနှင့် အမျိုးသမီးများ လိင်ဖျော်ဖြေရေး ပြည့်တန်ဆာများ အဖြစ်ပါ လုပ်ကိုင်နေကြရသည်။

အသက် ၅နှစ်အောက် ကလေး ၁၀.၄ သန်းကျော်အစာအာဟာရချို့တဲ့မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေကြရကာ ပြည်သူ သန်းပေါင်းများစွာ အရေးပေါ် ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်နေကြရသည်ဟု WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ထုတ်ပြန်ထားသည်။

အရှေ့အာဖရိကတွင် COVID-19 ကပ်ရောဂါ၊ အီဘိုလာ ကပ်ရောဂါတို့လို ရောဂါကြီးများနှင့် ကာလဝမ်းရောဂါ၊ ဝက်သက်၊ သွေးလွန်တုပ်ကွေး အပါအဝင် ရောဂါမျိုးစုံကို ပြီးခဲ့သည့် ၃နှစ်အတွင်းက ခံစားခဲ့ရပြီး သမိုင်းတလျှောက်တွင် အကြာရှည်ဆုံး မိုးခေါင်ရေရှားမှု ဒဏ်ကိုလည်း ခံစားခဲ့ရသည်။

အာဖရိကဦးချို ဒေသတွင် မိုးပြန်ပြီး ရွာသွန်းခဲ့သော်လည်း မိုးတကြိမ်ရွာသည်နှင့် ရင်ဆိုင်နေရသည့် အခက်အခဲအကျပ်အတည်းများ အမြန် အဆုံးသတ်သွားမည်မှာ မဖြစ်နိုင်ကြောင်း ကုလသမဂ္ဂအေဂျင်စီများက သတိပေးထားသည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ