Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အစ္စရေးကို သွားဖို့ပြင်ဆင်နေချိန် အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် ဂါဇာဆေးရုံထိမှန်ပြီး လူ ၅၀၀ ကျော် သေဆုံး

ABN-နွယ်စိုး

အောက်တိုဘာ ၁၈ ရက်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အစ္စရေးကိုသွားဖို့ ပြင်ဆင်နေချိန်တွင် အင်္ဂါနေ့ညနေပိုင်းက ဂါဇာမြို့လယ်ရှိ အင်ဂလီကန်ခရစ်ယာန်အသင်းတော်က ဖွင့်ထားပေးသည့် အယ်လ်အာလီဆေးရုံကို အစ္စရေးလေကြောင်း တိုက်ခိုက်ခဲ့မှုကြောင့် လူ ၅၀၀ သေဆုံးသွားသည်ဟု ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အယ်လ်အာလီဆေးရုံတိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်လို့ အစ္စရေးစစ်တပ်အနေဖြင့် ၄င်းတို့တိုက်ခိုက်မှုမဟုတ်ကြောင်း ငြင်းဆိုထားပြီး ပါလက်စတိုင်း အစ္စလာမ်မစ်ဂျီဟဒ်အဖွဲ့က အစ္စရေးကိုလှမ်းပစ်သည့် ဒုံးကျည် လမ်းလွဲကာ ဆေးရုံကိုထိမှန်ခဲ့ခြင်းဖြစ်သည် ဟုအစ္စရေးစစ်တပ်က ပြောဆိုထားကားဆေးရုံသည် ၄င်းတို့၏ ပစ်မှတ်မဟုတ်ဟုလို့လည်း ပြောကြားခဲ့သည်။

ထို့နောက် အစ္စလာမ်မစ်ဂျီဟဒ်အဖွဲ့ကလည်း ၄င်းတို့ပစ်ခြင်းမဟုတ်ဟု ကြေညာချက်ထုတ်ပြီး ငြင်းဆိုထားသည်။

အယ်လ်အာလီဆေးရုံမှာ ဆေးကုသမှုခံယူနေသူများအပါအဝင် လာရောက်ခိုလှုံနေသည့် မိသားစုများထောင်နှင့်ချီရှိပြီး သေဆုံးဒဏ်ရာရသူများကို အနီးရှိ နောက်ဆေးရုံတစ်ခုဆီ ခေါ်ဆောင်သွားခဲ့ခြင်းကို အွန်းလွန်းပေါ်တက်လာသည့်ဗီဒယိုများမှာ တွေ့ရှိရသည်။

ဆေးရုံးပေါက်ကွဲမှုမဖြစ်ပွားမီ နာရီပိုင်းလောက်ကလည်း ဂါဇာမြို့လယ်မှာရှိသည့် ကုလသမဂ္ဂမှ ဖွင့်ထားသော ကျောင်းတစ်ကျောင်းကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ထိမှန်ပြီး လူ ၆ယောက်သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂကမှ ပြောကြားခဲ့သည်။

ဟားမတ်စ်အဖွဲ့အနေဖြင့် ဆေးရုံတိုက်ခိုက်ခြင်းကို လူမျိုးသုဥ်းသတ်ဖြတ်မှု ဖြစ်သည်ဟု ဆိုလိုက်ပြီး ဖက်ဆစ်၊ အကြမ်းဖက်အစိုးရ၏ ရာဇဝတ်မှုကျူးလွန်သည့်အကျည်းတန် မျက်နှာကို နောက်တကြိမ်ဖွင့်လှစ်ပြလိုက်ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်မှာပြောဆိုထားသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ယနေ့ဗုဒ္ဓဟူးနေ့တွင် အစ္စရေးကို ရောက်လာဖို့ ရှိပြီးအစ္စရေးကိုထောက်ခံအားပေးကြောင်းပြသဖို့ လာရောကခြင်း ဖြစ်သော်လည်း ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်အပါအဝင် ဒေသတွင်းက ခေါင်းဆောင်တချို့နှင့်လည်း တွေ့ဆုံဆွေးနွေးဖို့ စီစဥ်ထားသည်။

ထိုကဲ့သို့ ဆေးရုံတိုက်ခိုက်ခံရမှုဖြစ်ပြီးနောက် ပါလက်စတိုင်းသမ္မတမာမွတ်အာဘတ်စ်သည် ဂျော်ဒန်နိုင်ငံမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့် တွေ့ဆုံမည့်အစီအစဥ်ကို ဖျက်လိုက်ကြောင်း ကြေညာလိုက်သည်။

ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးကလည်း ၄င်းတို့နိုင်ငံမြို့တော် အာမန်မှာ ကျင်းပဖို့ မူလက စီစဥ်ထားသည့်သမ္မတဘိုင်ဒန်၊ အီဂျစ်သမ္မတ၊ ပါလက်စတိုင်းနှင့် ဂျော်ဒန်ခေါင်းဆောင်များတို့၏ ထိပ်သီးဆွေးနွေးပွဲကို ဖျက်လိုက်ကြောင်း ကြေညာလိုက်သည်။

လက်တလောမှာ စစ်ကိုရပ်ဖို့က လွဲပြီး တခြားပြောစရာမရှိဟု ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အိုင်မန်ဆာဖာဒီက ပြောကြားခဲ့သည်။

Ref-AP News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ