Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန် သမ္မတဟောင်းထရမ့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် ဒေါ်လာ ၅ သန်းပေးရန် ဂျူရီအဖွဲ့ဆုံးဖြတ်ချမှန်

အမေရိကန် သမ္မတဟောင်းထရမ့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် ဒေါ်လာ ၅ သန်းပေးရန် ဂျူရီအဖွဲ့ဆုံးဖြတ်ချမှန်

ABN-ရာဟု

အမေရိကန်သမ္မတအား အမျိုးသမီးပင်တိုင်ဆောင်းပါးရှင် ကာရိုးလ်ကို ၁၉၉၆ ခုနှစ်က လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည့်အတွက် ဥပဒေအရ နစ်နာသူအမျိုးသမီးကို ဒေါ်လာ ၅ သန်းပေးဆောင်ရန် ဂျူရီအဖွဲ့က နယူးယောက်မြို့တရားရုံးတွင် အင်္ဂါနေ့က ဆုံးဖြတ်ချက်ချမှတ်လိုက်ကြောင်း သိရသည်။

ဂျူရီတရားသူကြီးများက မုဒိန်းမှုစွပ်စွဲချက်က်ို ပယ်ချလိုက်သော်လည်း အသက် ၇၉ နှစ်ရှိပြီဖြစ်သည့် ကာရိုးလ်ကို ထရမ့်က လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ပြီး နာမည်ဂုဏ်သတင်းများကို ထိခိုက်ပျက်စီးစေခဲ့သည်ဟုဆိုကာ ဒေါ်လာ ၅သန်းပေးဆောင်ရန် ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်သည်။

၁၉၉၆ခုနှစ်တွင် ကာရိုးလ်ကို နယူးယောက် မက်ဟန်တန်တွင်ရှိသည့် နာမည်ကြီး အဝတ်အထည်ဆိုင်တစ်ဆိုင်၏ အဝတ်လဲခန်းထဲတွင် ထရမ့်က မုဒိန်းကျင့်ခဲ့သည်ဟု အများပြည်သူသိအောင် ကာရိုးလ်က ၂၀၁၉ ခုနှစ်မှာ ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။

ထရမ့်က ” ကာရိုးလ်ကို သူမသိ၊ ကရိုးလ်းက လုပ်ကြံလိမ်လည် ဇာတ်လမ်းဆင်တာသာဖြစ်တယ်” ဟု အစောပိုင်းတွင် ထရမ့်က တုန့်ပြန်ပြောဆိုခဲ့သည့်အတွက် ထရမ့်ကို ကရိုးလ်က တရားစွဲရာမှာ မုဒ်ိန်းမှုအပြင် သူ့၏ နာမည်ဂုဏ်သတင်းပျက်စေမှုနဲ့ပါ စွဲဆိုခဲ့ခြင်းဖြစ်သည်။

သမ္မတဟောင်း ထရမ့်က တရားရုံးကို ရောက်မလာခဲ့သဖြင့် တရားဆုံးဖြတ်ချက် ဖတ်ကြားသည့်အချိန်တွင်လည်း တရားရုံးတွင် ရှိမနေခဲ့ကြောင်း သိရသည်။

“တရားလိုဖြစ်သူ ကာရိုးလ်ကို သူမသိသလို ဒီ ဆုံးဖြတ်ချက်ဟာ ကျက်သရေမဲ့၊ လုပ်ကြံစွဲချက်တွေ ဆက်လက်တင်နေတာသာ ဖြစ်တယ်လို့” တရားရုံး ဆုံးဖြတ်ချက်ကို ကြေညာပြီးပြီးချင်းမှာပဲ ထရမ့်က လူမှုမီဒီယာတွင် ပြန်လည် တုံ့ပြန်ရေးသားခဲ့သည်။

သမ္မတဟောင်း ထရမ့်အပေါ် အမျိုးသမီး တစ်ဒါဇင်ကျော်က လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ စွပ်စွဲထားကြသည့် အမှုများထဲမှ အမှုတစ်ခုသာဖြစ်ပြီး ယခုအမှုက စွပ်စွဲမှုတွေကို ခိုင်လုံဖွယ်ရှိကြောင်း သက်သေပြလိုက်သလိုဖြစ်နေသည်ဟု သိရသည်။

သမ္မတဟောင်း ထရမ့်မှာ အမေရိကန်သမိုင်းတွင် ပထမဆုံး ရာဇဝတ်မှုများနှင့်တရားစွဲဆိုခံရသည့် သမ္မတတစ်ဦးဖြစ်လာသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ