Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန် သတင်းထောက် Evan Gershkovich ကို ရုရှားက ဖမ်းဆီး

အမေရိကန် သတင်းထောက် Evan Gershkovich ကို ရုရှားက ဖမ်းဆီး

ABN-နွယ်စိုး

မော်စကို၏The Wall Stree Journal တွင် အလုပ်လုပ်နေသော အသက် ၃၁ ရှိသည့် အမေရိကန် သတင်းထောက် Evan Gershovishကို အမေရိကန်အစိုးရအတွက် သူလျှိုလုပ်နေသည်ဆိုသော စွဲချက်ဖြင့် ရုရှားနိုင်ငံ၏ Yekateringburg မြို့၌ ဖမ်းဆီးလိုက်ကြောင်း ရုရှားပြည်ထောင်စုလုံခြုံရေး FSBတပ်ဖွဲ့များက ကြသပတေးနေ့က ပြောကြားလိုက်သည်။

အဖမ်းဆီးခံခဲ့ရသည့် သတင်းထောက်Evan Gershovishအနေဖြင့် အမေရိကန်အစိုးရအတွက် သူလျှိုလုပ်နေသည်ဟုဆိုကာ သံသယရှိ၍ ရုရှားနိုင်ငံမှ ဖမ်းဆီးခဲ့ပြီး ၄င်းကို ၂ လ အကြာ ထိန်းသိမ်းထားဖို့ အမိန့်ထုတ်ထားခဲ့သည့်အပြင် မေလ ၂၉ ရက်နေ့ နောက်ပိုင်းတွင်လည်း ထိန်းသိမ်းမှု သက်တမ်းတိုးနိုင်ခြေရှိသည်ဟု မော်စကိုမြို့၏ Lefortovsky ခရိုင်တရားက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် သတင်းထောက် Evan Gershovishသည် အမေရိကန်အစိုးရ၏ အကျိုးစီးပွားရေးအတွက် သူလျှိုလုပ်နေသည်ဟု သံသယရှိခြင်းခံခဲ့ရပြီး ၄င်း၏ တရားမဝင်လုပ်နေသည့် လှုပ်ရှားမှုများကို တားဆီးလိုက်ခြင်းဖြစ်ကြောင်း FSB ၏ ကြေညာချက်ကို ကိုးကား၍ Interfax သတင်းအေဂျင်စီမှ ဖော်ပြထားသည်။

ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ Evan Gershovish ဘက်က တစုံတရာချက်ချင်း တုံ့ပြန်မှုမရှိသေးပေ။

၄င်းအပြင် သတင်းထောက်Gershkovich ဖမ်းဆီးခံလိုက်ရသည့်အကြောင်းရင်းနှင့်ပတ်သက်၍ ၄င်း၏ လုံခြုံရေးအတွက် အလွန်စိုးရိမ်မိကြောင်းနှင့် ရုရှား၏စွပ်စွဲချက်များကိုလည်း ပြင်းပြင်းထန်ထန် ငြင်းဆိုကြောင်း ဂျာနယ်မှ ပြောကြားခဲ့သည်။

သတင်းထောက်Gerhovish သည် အမေရိကန်ဘက်မှ ရုရှားစစ်တပ်အတွင်းက စီးပွားရေးလုပ်ငန်းတစ်ခု၏ လှုပ်ရှားမှုများကို စုဆောင်းရန် တာဝန်ပေးထားခြင်းဖြစ်သည်ဟု ရုရှားဘက်က ကြေညာချက်တွင် ပြောကြားထားသော်လည်း သက်သေအထောက်အထား တစ်စုံတစ်ရာပြသထားခြင်း မရှိသေး ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ