Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုကို မနီလာတွင် ပြင်းထန်စွာ ကန့်ကွက် ဆန္ဒပြ

အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုကို မနီလာတွင် ပြင်းထန်စွာ ကန့်ကွက် ဆန္ဒပြ

ABN-ရှိုင်းမိုး

အမေရိကန်နှင့် ဖိလစ်ပိုင်တို့ ဧပြီ ၁၁ရက်နေ့မှစ၍ တပ်ဖွဲ့ဝင် ၁၇၀၀၀ ကျော် ပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင် သည့်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ စစ်တပ်ဌာန ချုပ်ရှေ့တွင် တက်ကြွလှုပ်ရှားသူ ရာနှင့်ချီ စုဝေးပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

“ဘာလီကာတန် ၂၀၂၃” ဟုနာမည်​ ပေး ထားသည့် ၁၈ ရက် ကြာ အဆိုပါ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန် တပ်ဖွဲ့ဝင် ၁၂၂၀၀၊ ဖိလစ်ပိုင် တပ်ဖွဲ့ဝင် ၅၄၀၀၊ သြစတြေးလျစစ်သား ၁၁၁ ယောက်၊ ဂျပန်နှင့် ဗြိတိန်အပါ အဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံ ကျော်ခန့်မှ လေ့လာသူအဖြစ် ပါဝင်မည်ဟု ဆိုသည်။

ဆန္ဒပြသူများသည် “အမေရိကန်တပ်များထွက်လား” ဟု ရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး အမေရိကန် အလံကို မီးရှို့ကာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။

အာရှတွင် အမေရိကန်၏ စစ်ရေး လှုပ်ရှားမှုများကို ဆန့်ကျင်ကြသော ဆန္ဒပြသူများကိုလည်း ဖိလစ်ပိုင်နိုင်ငံသားများက တိုက်တွန်းခဲ့ကြသည်။

ထို့အပြင် ဆန္ဒပြသူများသည် အမေရိကန်တပ်ဖွဲ့ဝင်များအတွက် ဖိလစ်ပိုင် နိုင်ငံအတွင်း စစ်အခြေစိုက် စခန်းအသစ် ၄ ခု ဖွင့်လှစ်ခြင်းကိုလည်း ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနှင့်မားကို့စ်ဂျူနီယာက “အမေရိကန်တပ်စခန်းများ နိုင်ငံအတွင်း တည်ဆောက်ခွင့် ပေးခြင်းမှာ မည်သည့် ထိုးစစ်အတွက်မှ အသုံးချရန်မဟုတ်ကြောင်း” ဧပြီ ၁၀ရက်နေ့က အာမခံပြောကြားခဲ့သည်။

အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မှုသည် ၎င်း၏နိုင်ငံကာကွယ်ရေးကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း သမ္မတက ပြောဆိုခဲ့သည်။

သို့သော်လည်း ယခုစစ်ရေးလေ့ကျင့်မှုနှင့် စစ်အင်အားပြပွဲသည် အာရှတွင် အမေရိကန်၏ စစ်အင်အားကို ပြသရန်ဖြစ်ပြီး စစ်ပွဲ အတွက် ပြင်ဆင်ခြင်းသာဖြစ်ကြောင်း၊ ဖိလစ်ပိုင်ကို ခုခံကာကွယ်ခြင်းနှင့် လုံးဝ မသက်ဆိုင်ကြောင်း ကျွမ်းကျင်သူ များ က ထောက်ပြပြောဆိုထားကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ