Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန် နှင့် ဖိလစ်ပိုင် ပူးတွဲစစ်ရေး လေ့ကျင့်မှု စတင်

အမေရိကန် နှင့် ဖိလစ်ပိုင် ပူးတွဲစစ်ရေး လေ့ကျင့်မှု စတင်

ABN-ရှိုင်းမိုး

အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် တပ်ဖွဲ့ဝင်အင်အား ၁၇၀၀၀ ကျော်ပါသော နှစ်နိုင်ငံ၏ အကြီးမားဆုံးပူးတွဲ စစ်ရေး လေ့ကျင့်မှုကို ဧပြီ ၁၁ ရက်နေ့တွင်စတင်လိုက်ကြသည်။

‘Balikatan’ သို့မဟုတ် ‘ပက်ခုံးမှပက်ခုံး’ ဟုသိများသည့် ၃ပတ်ကြာပြုလုပ်မည့် ဤစစ်ရေးလေ့ကျင့်မှု၌ တောင်တရုတ်ပင်လယ် အတွင်းသို့စမ်းသပ်ပစ်ခတ်မှုမှာလည်း ပထမဆုံးအကြိမ်အဖြစ် ပါဝင်မည်ဟု ဆိုသည်။

ဝါရှင်တန်နှင့် မနီလာတို့သည် “တောင်တရုတ်ပင်လယ်၌ ပူးတွဲရေကြောင်းကင်းလှည့် သူများကို ပြန်လည်စတင်ရန်နှင့်ဖိလစ်ပိုင်၌ အမေရိကန် တပ်ဖွဲ့များ၏ ခြေကုပ်ရယူမှုကို တိုးမြှင့်ရန် မကြာသေး မီက သဘောတူညီမှု ရထားကြ သည်။

ထိုသဘောတူညီချက်အရ ထိုင်ဝမ်နှင့်မလှမ်းမကမ်း၌ ရေတပ်အ​ခြေစိုက်စခန်းများတွင်အမေရိကန်တပ်ဖွဲ့ဝင်များကို အသုံးပြုခွင့်ပြုသွားမည်”

ဟု ဆိုသည်။

ဖိလစ်ပိုင် လေ့ကျင့်မှု ဒါရိုက်တာ ဗိုလ်ချုပ် Marvin Licudine က ရေကြောင်း တိုက်ခိုက်မှုကို အကောင် အထည် ဖော်ဖို့ ပူးတွဲ လေ့ကျင့်မှုဖြစ်ပြီး ပူးတွဲစစ်ရေး လေ့ကျင့်မှုနည်းဗျူဟာနှင့် လုပ်ထုံးလုပ်နည်းများ ကိုအသုံးပြုသွားမည်​ဖြစ်ကြောင်း အဖွင့်မိန့်ခွန်း၌ ပြောကြားလားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ