Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန် ဒုသမ္မတ Kamala Harris ထိုင်းနိုင်ငံ APEC အစည်းအဝေးသို့တက်ရောက်ရန်အတည်ပြု

ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် လာမည့်လအတွင်းကျင်းပမည့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး APEC ခေါင်းဆောင်များအစည်းဝေးသို့ လာမည့်နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ အမေရိကန်ဒုသမ္မတ Kamala Harris သည်တက်ရောက်မည်ဖြစ်ကြောင်းအိမ်ဖြူတော်၏ပြောရေးဆိုခွင့်ရှိသူ Karine Jean Pierre ကအောက်တိုဘာ၂၈ရက်နေ့တွင်ပြောကြားခဲ့သည်။

ဒုတိယသမ္မတ၏ပါဝင်မူသည်အင်ဒို-ပစိပိတ် ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ၂၀၂၃ခုနှစ်တွင်APECအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်အမေရိကန်ရည်မှန်းချက်များကိုအလေးပေးမည်ဖြစ်သည်။

ဒုသမ္မတသည်ထိုင်းနိုင်ငံခရီးစဉ်အတွင်းထိုင်းခေါင်းဆောင်များနှင့်အရပ်ဘက်အဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့်တွေ့ဆုံကာအမေရိကန်နှင့်ထိုင်းနိုင်ငံတို့ကြား ၎င်းတို့၏ဆက်ဆံရေးကိုပြန်လည်အတည်ပြုရန်နှင့် ခိုင်မာစေရန်အပြင် အခြားသို့ပူးပေါင်းဆောင်ရွက်မူများအကြောင်း ဆွေးနွေးသွားမည်ဖြစ်သည်။

အမေရိကန် ဒုသမ္မတ Kamala Harris ထိုင်းနိုင်ငံ APEC အစည်းအဝေးသို့တက်ရောက်ရန်အတည်ပြု

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ