Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန်၊ အလာဘားမားပြည်နယ် မွေးနေ့ ပါတီတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပြီး ၄ ဦးသေဆုံး၊ ၂၈ ဦးဒဏ်ရာရ

အမေရိကန်၊ အလာဘားမားပြည်နယ် မွေးနေ့ ပါတီတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပြီး ၄ ဦးသေဆုံး၊ ၂၈ ဦးဒဏ်ရာရ

ABN-ရှိုင်းမိုး

အမေရိကန်နိုင်ငံ၊ အလာဘားမားပြည်နယ်၊ ဒိတ်ဗဲလ်မြို့မှာ ဧပြီလ ၁၅ ရက်နေ့က မွေးနေ့ပါတီကျင်းပနေစဥ် ပစ်ခတ်မှုဖြစ်ပွား၍ ၄ ဦးသေဆုံးပြီ ၂၈ ဦးဒဏ်ရာရရှိသွားသည်ဟုသိရသည်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း ဒဏ်ရာရသွားသူများမှာ ဒိတ်ဗဲလ်မြို့ ဆေးရုံတခုတွင် ဆေးကုသမှုခံယူနေကြပြီး ထိုအထဲမှ ၅ ဦးမှာ စိုးရိမ်ရသည်ဟု ဆိုသည်။

လွန်ခဲ့သည့် စနေ့နေက မြန်မာစံတော်ချိန် ည ၁၀ နာရီ ခွဲခန့်မှာ ဖြစ်ပွားခဲ့သည့် အဆိုပါပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာက ထုတ်ပြန်ခြင်းမရှိသေး။

ဒိတ်ဗဲလ်မြို့အနီးက ကန်တက်ကီ နှင့် တန်နက်ဆီ ပြည်နယ်များတွင်လည်း မကြာသေးခင်ကအစုလိုက်အပြုံလိုက် ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားခဲ့သေးသည်။

ကန်တက်ကီပြည်နယ်၊ လူဝီဗဲလ်မြို့မှာ ပြီးခဲ့သည့်ဧပြီလ ၁၀ ရက်နေ့က ဘဏ်ဝန်ထမ်းတစ်ဦးကို ပစ်ခတ်မှုကြောင့် လုပ်ငန်းခွင် လုပ်ဖော်ကိုင်ဖက် ၅ ဦး သေဆုံးခဲ့ပြီး ၉ ဦးဒဏ်ရာရရှိသွားခဲ့သည်။

အလားတူ တန်နက်ဆီပြည်နယ်၊ နက်ချ်ဗီးလ်မြိုရှိ ပုဂ္ဂလိက ခရစ်ယာန် ကျောင်းတစ်ကျောင်းမှာ ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က ကျောင်းသားဟောင်း တစ်ယောက် သေနတ်နှင့် ပစ်ခတ်မှုကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၃ ဦး အပါအဝင် လူ ၆ ဦး သေဆုံးသွားခဲ့သည်။

၂၀၂၃ ခုနှစ် ၃ လကျော်အတွင်း အမေရိကန်နိုင်ငံတွင် အစုလိုက် အပြုံလိုက် ပစ်ခတ်မှုပေါင်း (၁၄၆)ကြိမ်ထက်မနည်း ရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ